September 1, 2023

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ဘုရင်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး လျှောက်ထား

ဘန်ကောက်၊ စက်တင်ဘာ(၂) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ နိုင်ငံထူထောင်ရေးနဲ့ ရေရှည်အာဏာ လွန်ဆွဲမှုမှာ သူ့ရဲ့နောက်ဆုံးလှုပ်ရှားမှုအဖြစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလွှာကို တင်သွင်းခဲ့ကြောင်း တရားရေးဝန်ကြီးက ဩဂုတ်လ (၃၁) ရက်နေ့က ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး နိုင်ငံရေးသမား သက်ဆင်ဟာ (၁၅) နှစ်ကြာ နိုင်ငံရပ်ခြားမှာ တိမ်းရှောင် နေထိုင်ခဲ့ရပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်က နိုင်ငံအတွင်းသို့ ပြန်လာခဲ့တာဖြစ် ပါတယ်။ သက်ဆင်ဟာ…

G-20 အစည်းအဝေးမတိုင်ခင် နယူးဒေလီမြို့က အလှဆင်ထားတာကို မျောက်ရိုင်းတွေဝင် ရောက်ဖျက်ဆီးတာကို တားဆီးဖို့ လန်ဂူးအာ မျောက်ရုပ်တွေကို တပ်ဆင်ထား

နယူးဒေလီ – စက်တင်ဘာ(၂) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် G-20 အစည်းအဝေး အတွက် ပန်းအလှဆင်ထားတာတွေကို မျောက်ရိုင်းတွေဝင်ရောက်ဖျက်ဆီးတာက ဟန့်တားဖို့ အတွက် လန်ဂူးအာ မျောက်ရုပ်ပုံတွေကို မြို့အနှံတပ်ဆင်ထားပါတယ်။ သက်ရှိတိရိစ္ဆာန်တစ်ကောင်ရဲ့ အရွယ်အစားအတိုင်းထုတ်လုပ်ထားတဲ့ မျောက်ရုပ်ပုံတွေအပြင် Monkey Men မျောက်လူသားအဖွဲ့ကိုလည်း ငှားရမ်းထားတာပါ။ နယူးဒေလီမြို့တော်ကောင်စီဟာ သေးငယ်တဲ့ Rhesus မျောက်ရိုင်းတွေရဲ့ သဘာဝရန်သူတွေ…

တန်ပြန်ထိုးစစ် နှေးကွေးတယ်လို့ ဝေဖန်သူတွေ ပါးစပ်ပိတ်ထားဖို့ ယူကရိန်းသတိပေး

ကီးယက် – စက်တင်ဘာ(၂) ယူကရိန်းရဲ့ (၃)လကြာ ထိုးစစ်ဆင်ခဲ့တဲ့ တပ်တွေဟာ နှေးကွေးလွန်းတယ်လို့ အနောက်တိုင်း အရာရှိတွေဆီက ပေါက်ကြားလာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဝေဖန်ရေးသမားတွေ ပါးစပ် ပိတ်ထားဖို့ ယူကရိန်းဘက်က တုံ့ပြန်သတိပေးလိုက်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဒေါ်လာ ဘီလျံပေါင်းများစွာ အသုံးပြုပြီး ယူကရိန်းရဲ့ အမွှမ်းတင်လွန်းနေတဲ့ တန်ပြန်ထိုးစစ်ကို စတင်ပြီးနောက် ရွာပေါင်း တစ်ဒါဇင် ကျော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့်…

လောင်းရှည်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့

ခင်ဦး – စက်တက်ဘာ(၁) စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၁) ရက်နေ့ မနက်ပိုင်းက လက်ပံလှအနောက်ဘက် ရွာသန်းရွာ အရှေ့မြောက်ဘက်ကိုတက်လာချိန်မှာ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊တိုက်နယ် (ပ.က.ဖ) ခေါင်းဆောင်နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ထိတွေ့တိုက်ပွဲကြောင့်…

MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲခုံကနေ ရှင်းလင်းရမယ်ဆိုတဲ့ ခံယူချက်ကို ကျွန်တော်တို့ အပြည့်အဝယုံကြည် တယ်။ သို့ပါသော်လည်း ကတိမတည်၊ သစ္စာမရှိ လက်နက်အားကိုးနေတဲ့ စစ်ကောင်စီတွေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆိုတာဘယ်လိုမှ ဖြစ်နိုင်ဖို့အကြောင်းမရှိဘူးလို့ မြင်တဲ့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင် သွားမယ်” ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့အတွက် မွန်လူငယ်တစ်စုကနေ စတင်ခဲ့တဲ့ မွန်တွေရဲ့ လက်နက်ကိုင် ခေတ်သစ်တော်လှန်ရေးဟာ နှစ်ပေါင်း ၇၀…

၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို မွန်ပြည်ဖက်ဒရယ်ကောင်စီက အွန်လိုင်းကနေ ကျင်းပခဲ့

ရန်ကုန် ၊ စက်တင်ဘာ (၁) ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဩဂုတ် ၃၁ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ခေတ်သစ်မွန်လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသူတွေနဲ့ ပြည်သူတွေကို အလေးပြုရင်း တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။ အဲဒီနောက် မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီဝင်တွေ၊အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC)…

ဗိုလ်နဂါးကို အကြမ်းဖက်အဖြစ်ကြေညာတယ်လို့ စစ်လော်ဘီတွေ သတင်းအမှားဖြန့်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ဗိုလ်နဂါးဦးဆောင်တဲ့ MRDA ကို NUG က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ်ဆိုပြီး စစ်ကောင်စီအကောင်တုတွေမှာ ဖြန့်ဝေနေတဲ့…

ဆင်းရဲမွဲတေမှု လျော့ချနိုင်ဖို့အတွက် ပြည်သူတွေစာတတ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ စက်တင်ဘာ(၁) ဆင်းရဲမွဲတေမှုလျော့ချပြီး လူမှုစီးပွားဘဝတွေ ဖွံဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေအနေနဲ့ စာတတ်မြောက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၃၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က ဆင်းရဲမွဲတေမှု လျော့ချရေးတွေကို ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းမှ စတင်ကာ ဆောင်ရွက်ခဲ့ပြီး ဆင်းရဲမွဲတေမှုလျော့ချဖို့အတွက် အခြေခံအားဖြင့် ပညာရည်မြင့်မားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။…