ကဆာ၊ သြဂုတ်(၂၇) 

ပါကစ္စတန်နိုင်ငံ ပွန်ဂျပ် ခရိုင်ဒေသန္တရအတွင်းရှိ ရေလွှမ်းမိုးသွားတဲ့ ကျေးရွာတွေကလူဦးရေ တစ်သိန်းခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီလို့ကြောင်း အစိုးရအရေးပေါ်ဝန်ဆောင်မှု ဌာနက ပြောကြားခဲ့ပါတယ်။ 

အဲဒီဗဟိုခရိုင်ဒေသန္တရအတွင်း ဆွစ်လပ်မြစ်ရေမြင့်တက်လာချိန်မှာ ကျေးရွာပေါင်းရာနှင့်ချီ၊ သီးနှံဧက ထောင်နှင့်ချီ ရေမြှုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ပွန်ဂျပ်ဒေသအစိုးရ အကြီးအကဲရဲ့ ပြောကြားချက်အရ မုတ်သုံမိုးရွာသွန်းမှုကြောင့် အိန္ဒိယ အာဏာပိုင်တွေဟာ တိုးလာတဲ့ရေတွေကို မြစ်တွေထဲကို ဖောက်ချပိုလွှတ်မှုတွေကြောင့် ပါကစ္စတန်နယ်စပ် အောက်ဘက်ပိုင်းမှာ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့တာလို့ သိရှိရပါတယ်။

 “လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပြီး ကျွန်တော်တို့ရဲ့ အိမ်တွေ နစ်မြှုပ်သွားခဲ့ပါ တယ်”လို့ ဒေသခံတစ်ဦးကပြောကြားခဲ့ပါတယ်။

 နှစ်စဉ်နှစ်တိုင်း ဇွန်လနဲ့ စက်တင်ဘာလအကြား နွေဦးမုတ်သုံကာလတွေမှာ တောင်အာရှတွင် နှစ်စဉ် မိုးရွာ သွန်းမှုတွေရှိနေတယ်လို့သိရပါတယ်။

လူဦးရေ ၂၀ ဘီလီယမ်အထိနေထိုင်တဲ့ နိုင်ငံအတွင်း လယ်သမားတွေနဲ့ အစားအစာလုံခြုံရေး အတွက် စိုက်ပျိုးရေးဟာ အရေးကြီးပေမယ့်လည်း မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေကြောင့် မကြာခဏ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ 

ပါကစ္စတန်ရဲ့ ပွန်ဂျပ်ဒေသ ကယ်ဆယ်ရေး တာဝန်ရှိသူက “ကျွန်တော်တို့အနေနဲ့ လူပေါင်းတစ်သိန်းကို ကယ် ထုတ်ထားနိုင်ပြီး ပိုမိုဘေးကင်းရာသို့ ရွှေ့ပြောင်းထားပြီဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

ပွန်ဂျပ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီရဲ့ သတိပေးချက်မှာတော့ မုတ်သုံမိုးတွေဟာ လာမယ့်ရက်များအတွင်း ရွာသွန်းမှု ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ပါရှိပါတယ်။ 

ပါကစ္စတန်ဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံရဲ့သုံးပုံတစ်ပုံနီးပါး ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုကို ကြုံတွေ့ခဲ့ရပြီး လူပေါင်း ၃၃ သန်းကျော် ထိခိုက်ခဲ့တာပါ။ 

ကမ္ဘာပေါ်မှာ ပဉ္စမမြောက် လူဦးရေအများဆုံးရှိတဲ့ ပါကစ္စတန်ဟာ ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၁ ရာခိုင်နှုန်းအောက်သာရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

 Ref, AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.