August 26, 2023

ပါကစ္စတန်မှာ ရေလွှမ်းမိုးမှုကြောင့် လူဦးရေ ၁ သိန်းခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရ

ကဆာ၊ သြဂုတ်(၂၇) ပါကစ္စတန်နိုင်ငံ ပွန်ဂျပ် ခရိုင်ဒေသန္တရအတွင်းရှိ ရေလွှမ်းမိုးသွားတဲ့ ကျေးရွာတွေကလူဦးရေ တစ်သိန်းခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီလို့ကြောင်း အစိုးရအရေးပေါ်ဝန်ဆောင်မှု ဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီဗဟိုခရိုင်ဒေသန္တရအတွင်း ဆွစ်လပ်မြစ်ရေမြင့်တက်လာချိန်မှာ ကျေးရွာပေါင်းရာနှင့်ချီ၊ သီးနှံဧက ထောင်နှင့်ချီ ရေမြှုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ပွန်ဂျပ်ဒေသအစိုးရ အကြီးအကဲရဲ့ ပြောကြားချက်အရ မုတ်သုံမိုးရွာသွန်းမှုကြောင့် အိန္ဒိယ အာဏာပိုင်တွေဟာ တိုးလာတဲ့ရေတွေကို မြစ်တွေထဲကို ဖောက်ချပိုလွှတ်မှုတွေကြောင့် ပါကစ္စတန်နယ်စပ်…

ဗြိတိသျှပြတိုက်က ခိုးယူခံထားရတဲ့ ရှေးဟောင်းပစ္စည်း (၂၀၀၀) ခန့်ကို ပြန်လည်ရှာဖွေနေ

လန်ဒန် – ဩဂုတ်(၂၇) ဗြိတိသျှပြတိုက်က အချိန်အတော်ကြာ ခိုးယူခံထားရတဲ့ လက်ဝတ်ရတနာတွေအပါအဝင် ရှေး ဟောင်းပစ္စည်းပေါင်း(၂၀၀၀) ခန့်ကို ပြန်လည်ရှာဖွောရေး ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပြီလို့ ပြတိုက် ဥက္ကဋ္ဌ ဂျော့အော့စ်ဘွန်းက ဩဂုတ်လ(၂၆) ရက်နေ့မှာ ပြောခဲ့ပါတယ်။ လန်ဒန်ရဲ့ အကျော်ကြားဆုံး အထင်ကရနေရာတွေထဲက ပြတိုက်တစ်ခုဖြစ်တဲ့ Rosetta Stone နဲ့ တခြားသောစာသားတွေနဲ့ ရေးထိုးထားတဲ့ ရှေးအီဂျစ်တို့ရဲ့ အမွေအနှစ်တစ်ခုပါဝင်ပြသထားတဲ့…

ဘတ်ဂျက်အနည်းဆုံးနဲ့ လကမ္ဘာကို ယာဉ်ပျံလွှတ်တင်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကို မိုဒီ ဂုဏ်ပြု

နယူးဒေလီ – ဩဂုတ်(၂၇) အိန္ဒိယအစိုးရဟာ လကမ္ဘာပေါ် အခြေချနိုင်ဖို့အတွက် နိုင်ငံတော်ဘတ်ဂျက်ထားရှိတာဟာ တခြားသောနိုင်ငံတွေအနေနဲ့ သူတို့ကိုယ်ပိုင် အာကာသအစီအစဉ်တွေ ပြုလုပ်နိုင်ဖို့ စိတ်အား ထက်သန်စေတယ်လို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောခဲ့ပြီး သိပ္ပံပညာရှင်တွေကို ချီးကျူးခဲ့ ပါတယ်။ ချန်ဒရာရန် အမှတ်(၃) ယာဉ်ပျံဟာ ဗုဒ္ဓဟူးနေ့မှာ လရဲ့ မျက်နှာပြင်ကို ထိတွေ့နိုင်ခဲ့ပြီး အိန္ဒိယဟာ စူးစမ်းလေ့လာရေး လုပ်ငန်းတွေ…

ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်တော်တို့မှာ အစိုးရနှစ်ခုရှိတယ်ဆိုရင်တောင်မှပဲ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်အစိုးရကမှ (ရွှေ့ပြောင်း အလုပ်သမားအရေး) အကူအညီမပေးနိုင်ဘူးလို့ ကျွန်တော်တို့မြင်ရတယ်” မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ နိုင်ငံရေး မငြိမ်တည်မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့အတွက် ထိုင်းနိုင်ငံထဲကို တရားဝင် အပြင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲ ရောက်သွား တဲ့ အလုပ် သမားတွေဟာ အလုပ်သမား…

ကော့သောင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ကော့သောင်း၊ သြဂုတ်(၂၆) တနင်္သာရီတိုင်း၊ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ထိုင်း-မြန်မာနယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ…

KNU ကျောက်ကြီးမြို့နယ်မှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး

ကျောက်ကြီး၊ သြဂုတ်(၂၆) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် သဲသောမူ သဲသောခွားကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ဟာ သြဂုတ် ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ကနေ ၂ နာရီခွဲအချိန်အထိ သဲသောမူသဲသောခွားကျေးရွာကို ဗုံး ၆…

စစ်အာဏာသိမ်း (၉၃၆)ရက်အတွင်း သတ်ဖြတ်ခံရသူ ၄၀၀၇ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၂၆) AAPP ရဲ့ သြဂုတ်(၂၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၃၆)ရက်အတွင်း ပြည်သူ (၄၀၀၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၄၆၂ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

ကျပ်နှစ်သောင်းတန်အသုံးပြုတဲ့ ပုဂ္ဂလိကဘဏ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အရေးယူမယ်လို့ NUG ပြော

ရန်ကုန်၊ သြဂုတ်(၂၆) စစ်ကောင်စီထုတ်ဝေတဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေကို ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုပါက အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ဩဂုတ် ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေကို လက်ဝယ်ထားရှိတာ၊ အရောင်းအဝယ်ပြုလုပ်တာနဲ့ တနည်းနည်း လွှဲပြောင်းတာတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အခန်း ၁၂ အရ ပြစ်မှုကျူးလွန်ရာ ရောက်တယ်လို့ NUG…