အယ်ဒီလစ်၊ သြဂုတ်(၅)
IS အဖွဲ့ရဲ့ ခေါင်းဆောင် အဘူအယ်ဟူစိန် အယ်ဟူစိန်ကွာရာရှီဟာ ဆီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်းရှိ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်းမှာ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ သြဂုတ် (၃) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အယ်ဒီလစ်ပြည်နယ်ရှိ ဂျီဟတ်ဝါဒီအဖွဲ့ ဟိုက်ရက် တာဟယ်ရာအယ်ရှန်နဲ့ တိုက်ရိုက် ထိပ်တိုက် တွေ့ တိုက် ခိုက်မှုတွေအပြီးမှာ သူတို့ရဲ့ခေါင်းဆောင်ဟာ သေဆုံးသွားခဲ့ ရတာဖြစ်ကြောင်း IS အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက တယ်လီဂရမ်ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက အဖွဲ့ရဲ့ ပဉ္စမမြောက်ခေါင်းဆောင်သစ်ကို အာဘီဟာဖ်ဆန် အယ်ဟာရှီမီ အယ်ကွာရာရှီ အဖြစ် ကြေညာခဲ့ပါသေးတယ်။
နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားမှာ အိုင်အက်စ် အဖွဲ့ ဩဇာမြင့် တက်ချိန် သူ့ရဲ့လက်အောက်ရှိ ကယ်လီဖိတ် ဆန့်ကျင်မှုတွေအောက်မှာ ပြိုလဲ သွားတာကို မြင်တွေ့ခဲ့ရတာ လည်း ဖြစ်ပါတယ်။
ဆွန်နီမွတ်ဆလင်အစွန်းရောက်အဖွဲ့ရဲ့ ပြင်းထန်ပြီး အကြမ်းဖက်သုတ်သင်တဲ့အုပ်ချုပ်မှုမှာ ခေါင်းဖြတ်ခြင်းနဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေကြောင့်လည်း သိသာခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီအဖွဲ့ဟာ ၂၀၁၇ ခုနှစ်မှာ အီရတ်နဲ့ဆီးရီးယားမှာ နှစ်နှစ်ကြာအောင် ရှုံးနိမ့်ခဲ့သော်လည်း နှစ်နိုင်ငံစလုံးတွင် တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။
IS အဖွဲ့ကသူ့ရဲ့ အရင်ခေါင်းဆောင် အာဘူဟာဆန် အယ်ဟာရှီမီ အာကွာရာရှီဟာ အရင်နှစ် နိုဝင်ဘာလမှာ သတ်ဖြတ်ခံခဲ့ရကြောင်းဆိုခဲ့ပြီး သူ့ရဲ့နောင်တော် အာဘူအီဘရာဟင် အယ်ကွာရာရှီကတော့ ပြီးခဲ့တဲ့နှစ် ဖေ ဖော်ဝါရီလက အယ်ဒီလစ်ပြည်နယ်အတွင်း အမေရိကန်စီးနင်းတိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန် ခဲ့တာလည်း ဖြစ်ပါတယ်။
“ကလစ်ဖ်” အဖွဲ့ရဲ့ပထမဆုံးသော ခေါင်းဆောင် အဘူဘာကာ အယ်ဘာဒါဒီဟာလည်း ၂၀၁၉ ခုနှစ် အောက် တိုဘာလမှာ အဲဒီပြည်နယ်မှာပဲ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Ref: CNA