July 2023

မွန်ပြည်သစ်နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးနေ

နေပြည်တော်၊ ဇူလိုင်(၇) အပစ်ရပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ ဇူလိုင် ၅ ရက်နေ့ကစပြီး နေပြည် တော်မှာ ငြိမ်းချမ်းရေးထပ်မံဆွေးနွေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့…

သံဖြူဇရပ်မြို့နယ် NLD ပါတီရုံး ချိပ်ပိတ်သိမ်းဆည်းခံရ

သံဖြူဇရပ်၊ ဇူလိုင်(၇) မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးခန်းအဖြစ် အသုံးပြုခဲ့တဲ့ အခန်းကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက်မှာရှိတဲ့ NLD ပါတီမြို့နယ်ရုံးကို စစ်ကောင်စီက ဇူလိုင် ၅ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ လာရောက်ချိပ်ပိတ်သိမ်းဆည်းသွားခဲ့တာ ဖြစ်ပါတယ်။ ချိပ်ပိတ်ခံရတဲ့ ရုံးခန်းဟာ…

ဆားလင်းကြီးမှာ စိတ်ရောဂါသည်ကို စစ်ကောင်စီတပ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့

ဆားလင်းကြီး – ဇူလိုင်(၆) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် ဆားခါးရွာက အသက်(၂၈) နှစ်အရွယ် စိတ်ရောဂါသည် အမျိုးသားတစ်ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၅) ရက်နေ့ နေ့လည်ပိုင်းက ဆားလင်းကြီးမြို့ပေါ်က ဆင်းလာတဲ့ စစ်အုပ်စုဟာ ဆားခါရွာထဲကို ဝင်ရောက်လာပြီးနောက် ပြည်သူပိုင်ပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးပြီး သတ်ဖြတ်သွားတာပါ။ ဒါ့အပြင် ဆားခါးရွာအနီးမှာရှိတဲ့ ပေါင်းဝရွာက…

တရုတ်မှာ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူ ၁၅ ဦးသေဆုံးပြီး ကာကွယ်ရေးအစီအစဉ်တွေ အားစိုက်ထုတ်ဖို့ သမ္မတရှီတောင်းဆို

ဘေဂျင်း၊ ဇူလိုင်(၇) တရုတ်နိုင်ငံရဲ့ အနောက်တောင်ဘက်က မြို့တော်ဖြစ်တဲ့ချုံကင်းမှာ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီးနောက် ဆိုးရွားတဲ့ရာသီဥတုမှ အများလူထုကို ကာကွယ် နိုင်ဖို့ ပိုမိုကျယ်ပြန့်တဲ့ အားထုတ် မှုတွေကို ပြုလုပ်ဖို့ သမ္မတရှီကျင့်ဖျင်က တောင်းဆိုခဲ့ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး လတ်တလော သီတင်းပတ် အတွင်း သေစေနိုင်လောက်တဲ့ ရွှံ့မြေပြိုမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။…

“စစ်ပွဲဖြစ်ရင် များသောအားဖြင့်ခံစားနေရတာ အမျိုးသမီးတွေပဲ။ ထွက်ပြေးရတယ်။ ကလေးတွေကိုကြည့်ရတယ်”

ကရင်အမျိုးသမီးအစည်းအရုံး KWO ရဲ့ (၈)ကြိမ်မြောက်ညီလာခံကို ဇွန်လ(၂၉)ရက်နေ့ကနေ ဇူလိုင်လ (၁) ရက်နေ့အထိ ဗဟိုအထူးဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ ပြီးခဲ့တဲ့(၆)နှစ်တာအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်တွေရဲ့ အားသာချက်၊ အားနည်းချက်နဲ့ စိန်ခေါ်မှုတွေကို ပြန်လည်သုံး သပ်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မူဝါဒပေါ်လစီတွေကို ပြင်ဆင်ဖြည့်စွက်၊ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်တာ၊ မဟာဗျူဟာချမှတ်တာနဲ့ ရှေ့လုပ်ငန်းစဉ်တွေချမှတ်တာ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကရင်အမျိုးသမီးတွေ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုမှာ ပိုမိုပါဝင်လာနိုင်ဖို့…

နျူကလီးယားဓာတ်အားပေးစက်ရုံအနီး တိုက်ပွဲတွေဖြစ်နိုင်ပေမယ့် မြို့ခံတွေ ငြိမ်သက်စွာ ပြင်ဆင်နေ

ကိယက်ဗ် – ဇူလိုင်(၇) ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်း ဇာပိုရီဇီဇီယာမြို့က ရုရှားထိန်းချုပ်ထားတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံနားမှာ တိုက်ပွဲတွေဖြစ်ပွားနိုင်တယ်လို့ ကိယက်ဗ်ရဲ့နောက်ဆုံးသတိပေး ချက်အပြီးမှာ မြို့ခံတွေ ငြိမ်သက်နေကြပါတယ်။ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးဟာ ဇာပိုရီဇီဇီယာနျူကလီးယား ဓာတ်အားပေးစက်ရုံကို တိုက်ခိုက် ဖို့ ကြံစည်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေနဲ့ သံသယရှိနေကြ တာပါ။ ယူကရိန်းသမ္မတ ဗလာဒီမာဇယ်လန်းစကီးက အဲဒီစက်ရုံကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ…

အမျိုးသမီးအလှပြင်ဆိုင်တွေပိတ်ဖို့ တာလီဘန်တွေ ထုတ်ပြန်

ကဘူးလ် – ဇူလိုင်(၇) အာဖဂန်နစ္စတန်မှာရှိတဲ့ အမျိုးသမီးတွေဖွင့်လှစ်ထားတဲ့ အလှပြင်ဆိုင်ရာနဲ့ချီကို တားမြစ်ပိတ်ပင် လိုက်ပြီး ဆင်းရဲမွဲတေမှုတွေကိုရင်ဆိုင်နေရတဲ့ နိုင်ငံမှာ အမျိုးသမီးတွေရဲ့အလုပ်အကိုင်ရရှိစေ မယ့် အခွင့်အလမ်းကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ တာလီဘန်အစိုးရရဲ့ ကန့်သတ်ဆောင်ရွက်မှုတွေထဲက နောက်ဆုံးအကြိမ်ထုတ်ပြန်မှုမှာ အမျိုးသမီးတွေကို လူမြင်ကွင်းကဖယ်ထုတ်ကာ နေအိမ်မှာ အတင်းအကျပ်နေခိုင်းတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ “ကာဘူးလ်မြို့နှင့် အခြားသောခရိုင်ဒေသန္တရများတွင် အမျိုးသမီးများဦး‌ဆောင်ဖွင့်လှစ်နေတဲ့ Beauty Salons (အလှပြင်ခန်းမများ) ကို…

ကယားမှာ စစ်ကောင်စီလေယာဉ်ပစ်ချခံရတဲ့ပုံတွေ KNPLF ထုတ်ပြန်

ဘောလခဲ – ဇူလိုင်(၆) ကယားပြည်နယ်၊ ဘောလခဲမြို့နယ် ရွာသစ်မြို့နယ် တိုက်ပွဲအတွင်း ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်နေရာကို ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ ၉၄၂၂ တပ်ရင်းက ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ စစ်ကောင်စီတိုက်လေယာဉ်ပျက်ကျခဲ့တဲ့ နေရာကို ဒရုန်းနဲ့ ဓာတ်ပုံရိုက်ကူးခွင့်ရရှိခဲ့ပြီး လေယာဉ်ပျက် အပိုင်းအစတွေတော့ မရှိတော့ဘူးလို့ ကလလတ-၉၄၂၂ တပ်ရင်းက ဇူလိုင်လ(၅) ရက်နေ့ ရက်စွဲနဲ့…

ရန်ကုန်ကစားသောက်ဆိုင်တွေမှာ တီးဝိုင်းနဲ့ သီချင်းဆိုတာကို စစ်ကောင်စီပိတ်ပင်

ရန်ကုန် – ဇူလိုင်(၆) ရန်ကုန်တိုင်းအတွင်းက စားသောက်ဆိုင်တွေမှာ တီးဝိုင်းနဲ့ သီချင်းဖျော်ဖြေမှုတွေကို အာဏာ သိမ်း စစ်ကောင်စီက ရပ်ဆိုင်းခိုင်းထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က အမည်မဖော်လိုသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ မြို့နယ်ထွေအုပ်တွေကနေတဆင့် စားသောက်ဆိုင်တွေမှာ သီဆိုဖျော်ဖြေမှုတွေကို ဒီနေ့ ဇူလိုင်လ (၆) ရက်နေ့ ညပိုင်းကစပြီး ရပ်ဆိုင်းခိုင်းထားတာပါ။ “ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေးထားပါတယ်။ ဘားတွေမှာဖွင့်တဲ့ တီးဝိုင်းတွေ၊DJ တွေကိုတော့ ဘာမှဖွင့်ခွင့်မပေးတော့ဘူး။…