အိန္ဒိယရဲ့ ပြည်ပဆန်စပါးပို့ကုန်ကန့်သတ်ချက်ဟာ ငွေကြေးဖောင်းပွမှုပြဿနာ ဖြစ်စေနိုင်တယ်လို့ IMF ပြော
ဝါရှင်တန်၊ ဇူလိုင်(၂၈) ဆန်စပါးကဲ့သို့ တချို့သော ထွက်ကုန်တွေကို ပြည်ပတင်ပို့မှု ကန့်သတ်ဖို့ အိန္ဒိယအစိုးရရဲ့ ဆောင်ရွက်မှုဟာ အစားအစာဈေးနှုန်းငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေတာကြောင့် ပြန်လည် ပြင်ဆင်သင့်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောကြားခဲ့ပါတယ်။ IMFရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်မှာတော့ အိန္ဒိယရဲ့ ကန့်သတ်ချက်ဟာ ယူကရိန်းဖြစ်စဉ်လို တူညီတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်နိုင်ပြီး အခြားနိုင်ငံတွေရှိ ဆန်စပါးဈေးနှုန်းကို မြင့်တက်စေနိုင်တယ်လို့ ဆိုခဲ့တာပါ။…