မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှားအစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီ လော်ဘီတွေဖြန့်ဝေနေတဲ့ “ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ဝင်တွေက စစ်တပ်ကိုမလုပ်ရဲ၍ စစ်ရေးပစ်မှတ် မဟုတ်သော လူနေရပ်ကွက်များအတွင်းသို့ ဇူလိုင် ၄ရက် ညပိုင်းက ဗုံးခွဲခဲ့“ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို,KYAW SWAR ,Han nyein oo စတဲ့တယ်လီဂရမ်အကောင့်ကနေ ဇူ လိုင်လ( ၄ )ရက်နေ့မှာ အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ဝင်တွေက ၂၀၂၃ ဇူလိုင်လ ၄ ရက် ညပိုင်းမှာ ရန်ကုန်မြို့က စစ်ကောင်စီ၏ တပ်စခန်း ၂ ခု၊ စစ်ကောင်စီထောက်တိုင် ဦးစီးဌာန ၃ ခု၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၁ ခုတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တာကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေက သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ရန်ကုန်မြို့ပြစစ်ဆင်ရေးကို မပြုလုပ်ခင်မှာလည်း စစ်ကောင်စီတပ်စခန်းများနဲ့ နီးရာနေရာများကိုရှောင်ကြရန် ရန်ကုန်UGတွေအားလုံးက ပြည်သူများကို အသိပေးထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဇူလိုင်လ ၄ ရက် ည ၈ နာရီမှ ၁၂ နာရီအတွင်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ် (၃) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ (၅) ထိပ်ကားမှတ်တိုင်အနီးရှိ မြို့မရဲစခန်း၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာနှင့် အောင်ချမ်းသာရပ်ကွက်ကြား၊ တပင်ရွှေထီးလမ်းမရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ဗိုလ်ချို (၁) ရပ်ကွက် ဝင်္ဂဘာလမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးနှင့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဦးစီးဌာနရုံး၊ တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက်၊ သစ္စာလမ်းရှိ မြို့ နယ်တရားရုံးနှင့်တို့ကို တိုက်ခိုက်ခံခဲ့ခြင်းဖြစ်တယ်လို့ Freeland Attack Force (FLA)မြို့ ပြ UGအဖွဲ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

Anonymous Fighters Force -AFF မှ ဦးဆောင်ပြီး Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army – EGA ၊Rangoon Urban Force တို့မှ ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြပြီး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အဆိုပါ စစ်ဆင်ရေး၌ အကြမ်းဖက် စစ်ကောင်စီတချို့ ထိခိုက်မှုရှိခဲ့ကာ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းမစ်ရှင်နှင့် သန်လျင်မြို့နယ် မစ်ရှင်တို့၌ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း ထိခိုက်မှုများရှိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

Freeland Attack Force အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/IW257

The Irrawaddy-burmese Edition သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/derF2

Myanmar nowသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/bzCT1

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့များဝင်တွေက စစ်တပ်ကို မလုပ်ရဲ၍ စစ်ရေးပစ်မှတ် မဟုတ်သော လူနေရပ်ကွက်များအတွင်းသို့ ဇူလိုင် ၄ရက် ညပိုင်းက ဗုံးခွဲခဲ့”ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.