ဘန်ကောက် – ဇူလိုင်(၈)​

ထိုင်းနိုင်ငံရဲ့ အလုပ်သမားရှားပါးမှုကို လျှော့ချဖို့နဲ့ ကိုဗစ်အလွန်စီးပွားရေး ပြန်လည်ဦးမော့လာ စေဖို့ အခြေခံအလုပ်သမားတွေအတွက် အစိုးရအဖွဲ့က နိုင်ငံခြားရွေ့ပြောင်းနေထိုင်သူတွေရဲ့ တရားဝင်နေထိုင်ခွင့်ကို ဇူလိုင်လအကုန်ထိ သက်တမ်းတိုးခဲ့ပါတယ်။ 

အဲဒီအစီအစဉ်ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊လာအို၊မြန်မာနဲ့ ဗီယက်နမ်နိုင်ငံ တွေက အလုပ်သမား(၁)သန်းခွဲနီးပါးကို နိုင်ငံအတွင်း တရားဝင်နေထိုင်နိုင်ဖို့နဲ့ အလုပ်အကိုင် အတွက် လိုအပ်တဲ့ ပါမစ်တွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

ရွေ့ပြောင်းနေထိုင်သူတွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ် သက်တမ်းတိုးတာကို အစိုးရရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ထိုင်ဆူရီ တိုင်စရန်နာခူက ပြီးခဲ့တဲ့ရက်ပိုင်းက အများပြည်သူ ကို အသိပေးခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၇) ရက်နေ့က စတင်ခဲ့တဲ့ အဲဒီအစီအစဉ်ဟာ နိုင်ငံရဲ့ အလုပ်သမား လိုအပ်မှုကို ဖြေရှင်းချက်အဖြစ် ရေးဆွဲခဲ့တာဖြစ်တယ်လို့ သိရပြီး ထိုင်နိုင်ငံအတွင်း တရားမဝင် နေထိုင်တဲ့ ရွေပြောင်းအလုပ်သမားတွေကို ပြစ်ဒဏ်ခတ်အရေးယူမှုမခံရဘဲ တရားဝင်မှတ်ပုံတင် ခွင့်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကို မေလ(၁၅) ရက်နေ့မှာ အပြီး သတ်ဖို့ စီစဉ်ထားပေမယ့် အလုပ်သမား(၅)သိန်းဟာ သူတို့ရဲ့ အလုပ်သမားရေးရာ အာဏာပိုင် တွေဆီ မှတ်ပုံတင်လျှောက်ထားဖို့ ကျန်ရှိနေသေးတယ်လို့ ဘန်ကောက်ပိုစ့် သတင်းစာမှာ ဖော်ပြ ထားပြီး အဲဒီနောက်ကွယ်က အကြောင်းအရင်းတွေဟာ စီမံခန့်ခွဲရေးဆိုင်ရာ အတားအဆီးတွေနဲ့ ငွေကြေးဆိုင်ရာ ကန့်သတ်မှုတွေ အဓိက ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ 

အလုပ်သမားတွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကို သက်တမ်းတိုးပေးတာဟာ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေအောက်မှာ အကျုံးဝင်တဲ့ နိုင်ငံခြားရွှေ့ပြောင်း အလုပ်သမားအရေအတွက် ပိုများလာစေဖို့ အထောက်အကူပြုမှာဖြစ်တယ်လို့ အလုပ်သမားရေးပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါ တယ်။ 

“ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ၏ လုပ်သားအင်အား၏ အရေးပါသော အစိတ် အပိုင်းတစ်ခုအဖြစ် ပါဝင်နေပြီး နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာမှုတွင် မရှိမဖြစ်အခန်း ကဏ္ဍမှ ပါဝင်နေသည်ကို အသိအမှတ်ပြုရန် အရေးကြီးပါတယ်” လို့သူကပြောပါတယ်။  

ဒါ့အပြင် နှစ်ရှည်ရွေ့ပြောင်းနေထိုင်သူတွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အသက်(၁၈) နှစ် အောက် ရွှေ့ပြောင်းအလုပ်သမားတွေဆီ မှီခိုနေထိုင်သူတွေနဲ့လည်း သက်ဆိုင်မှာဖြစ်တယ်လို့ သူကပြောပါသေးတယ်။ 

ရွှေ့ပြောင်းနေထိုင်သူများ လွတ်ငြိမ်းချမ်းသာခွင့် မှတ်ပုံတင်လုပ်ငန်းစဉ်ကို ရိုးရှင်းစေဖို့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အမျိုးအစားခွဲခြားတဲ့ နည်းလမ်းကိုလည်း လုပ်ဆောင်ဖို့ ရှိတယ် လို့သိရပါတယ်။ 

တရားဝင်နိုင်ငံကူးလက်မှတ် ပိုင်ဆိုင်ထားပေမယ့် ခွင့်ပြုမိန့်သက်တမ်းတိုးဖို့ ကျန်ရှိတဲ့ နိုင်ငံလေးခုက ရွှေ့ပြောင်းနေထိုင်သူတွေလည်း ဒီအစီအစဉ်မှာ ပါဝင်မှာဖြစ်သလို အထူးအလုပ်သမားအစီအစဉ်နဲ့ ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ သူတွေလည်း အကျုံးဝင်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး အလုပ် ဒါမှမဟုတ် နေထိုင်ခွင့် လျှောက်ထားတာ မရှိသေးသူတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.