စင်္ကာပူ – ဇူလိုင် ( ၅ )

စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူအမျိုးသမီးဟာ အသက်(၇၀) အရွယ် အိမ်ရှင်အမျိုးသမီးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၅) ရက်နေ့က မြန်မာနိုင်ငံသား အိမ်အကူအမျိုးသမီးဖြစ်သူ မဇင်မာနွယ်ဆိုသူ ဟာ သူမအလုပ်ရှင်ရဲ့ ယောက်ခ မကို ဓားနဲ့ (၂၆)ချက်ထိုးသတ်ခဲ့တဲ့အတွက် ဇူလိုင်လ(၄) ရက် နေ့မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ 

အချက်အလက်တွေအရ သူမအလုပ်ဝင်ချိန်က ဖြည့်သွင်းထားတဲ့ နိုင်ငံကူးလက်မှတ်ပါ စာရွက် စာတမ်းတွေမှာ အသက်(၂၂) နှစ်လို့ဆိုထားပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ဆေးစစ် ချက်ယူချိန်မှာတော့ သူမရဲ့ အရိုးစစ်ချက်မှာ အသက်(၁၇) နှစ်အရွယ်သာရှိသေးတာဖြစ်ပါ တယ်။ 

အိမ်အကူအလုပ်ရဖို့အတွက် သူမရဲ့ အသက်ကို လိမ်ညာဖို့ အေးဂျင့်က ညွှန်ကြားထားတာ ဖြစ် တယ်လို့ ဝန်ခံခဲ့တဲ့အတွက် ဥပဒေအရ အသက်မပြည့်သေးသူကို သေဒဏ်ချမှတ်မရတာကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ 

မဇင်မာနွယ်ဆိုသူဟာ အခင်းဖြစ်ပွားရာ သူမရဲ့ တတိယအလုပ်ရှင်ဆီမှာ ၂၀၁၈ ခုနှစ် မေလ(၁၀) ရက်နေ့တည်းက စတင်အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ 

အသက်(၇၀) အရွယ်အရွယ်သေဆုံးသူဟာ မြန်မာအိမ်အကူအမျိုးသမီးကို ကိုယ်ထိလက်ရောက် စော်ကားတာအပြင် သူမအကြွေးတင်နေတဲ့ အေးဂျင့်ဆီ ပြန်ပို့မယ်လို့လည်း မကြာခဏ ခြိမ်းခြောက်တာတွေရှိခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။ 

မဇင်မာနွယ်ရဲ့ ရှေ့နေ Mr Christopher Bridges ကစိတ်ရောဂါဆိုင်ရာ ဆရာဝန် ဒေါက်တာ Tommy Tanရဲ့ ထင်မြင်ချက်အရ သူမအနေနဲ့ အဲဒီအချိန်က စိတ်ပူပန်မှုတွေရောထွေးပြီး စိတ်ဓာတ်ကျနေတာကြောင့် လူငတ်မှုအဖြစ် သတ်မှတ်တာကနေ ကင်းလွတ်ခွင့်ပေးဖို့ လျှောက် ထားခဲ့ပေမယ့် တရားသူကြီးကပယ်ချခဲ့တာပါ။ 

ဒါ့အပြင် သေဆုံးသူအမျိုးသမီးဟာ အိမ်ရှင်တွေဆီမှာ တည်းခိုနေထိုင်ပြီး ရက်ပိုင်းအကြာမှာ သူမကိုရိုက်နှက်တာ ခေါင်းခေါက်တာနဲ့ ပါရိုက်တဲ့အခြေအနေတွေကို မကြာခဏပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ မဇင်မာနွယ်ရဲ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ 

 Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.