ထိုင်ဝမ်သမ္မတလောင်းအဖြစ် တစ်ရှေ့ပြေးနေသူက တရုတ်နိုင်ငံနဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်တယ် လို့ပြော

0
3315
Taiwan's Vice President William Lai assumes the chairmanship of the ruling Democratic Progressive Party in Taipei, Taiwan, January 18, 2023. REUTERS/Ann Wang

 တိုင်ပေ၊ ဇူလိုင်(၆) 

ထိုင်ဝမ်သမ္မတလောင်း ဝီလျံလိုင်က သူသာရွေးကောက်ခံရပါက တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြောင်းနဲ့ ကြိုတင်သတ်မှတ်ချက်မရှိဘဲ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ဆန္ဒရှိတဲ့အပြင် ကာကွယ် ရေးကို မြှင့်တင်ဖို့လည်း ကတိပြုကြောင်း ဇွန်လ(၄)ရက်နေ့က Wall Street Journal မှာရေးသားခဲ့တယ်လို့ သိရပါတယ်။

 ထိုင်ဝမ်ရဲ့ ဒုသမ္မတလည်းဖြစ်၊ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အတွက် ကိုယ်စား လှယ်လောင်းလည်းဖြစ်တဲ့ လိုင်ဟာ လာမယ့်ဇန်နဝါရီလ ရွေးကောက်ပွဲမတိုင်မီ သဘောထားစစ်တမ်း အများ စုကို အမြဲဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိသမ္မတ ဆိုင်အင်ဝမ်ကတော့ ရာထူးသက်တမ်း နှစ်ကြိမ်ကျော်ပြီးဖြစ်တာကြောင့် နောက်တကြိမ် ပြန်လည် မထမ်းဆောင် နိုင်တော့ပါဘူး။ 

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်ရဲ့ နေ့စဉ်နီးပါး လေကြောင်းမှကျုးကျော်မှုတွေအပါအဝင် တရုတ်နိုင်ငံထံမှ စစ်ရေးနဲ့ စီးပွားရေး စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း သူ့ရဲ့ထိပ်တန်း ဦးစားပေးမှုတွေမှာ လက်တွေ့ကျပြီး လိုက်လျောညီထွေ ရှိနေဆဲဖြစ်ကြောင်း သူကိုယ်တိုင်ရေးသားခဲ့တဲ့ မှတ်ချက်မှာ လိုင်က ပြောခဲ့တာဖြစ်ပါတယ်။ 

“ထိုင်ဝမ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်သိထားတဲ့အတိုင်း တရုတ်သမ္မတနိုင်ငံ နှစ်ခုလုံးရဲ့ အကောင်း ဆုံးအကျိုးစီးပွားဖြစ်တဲ့ ရေလက်ကြားဖြတ်ကျော်အနေအထားကို ကျွန်တော် ထောက်ခံမှာပါ။ အပြန်အလှန် ထိန်းကျောင်းမှုနဲ့ ဂုဏ်သိက္ခာဆိုင်ရာ အခြေခံမူများဖြင့် ကြိုတင်သတ်မှတ်ချက်များမပါဘဲ တွေ့ဆုံဆွေးနွေးမှု အခြေအနေကို ကျွန်တော့်အနေဖြင့် ဘယ်သောအခါမှ ငြင်းပယ်မှာမဟုတ်ပါဘူး” လို့ သူက ဆက်လက်ပြော ပါတယ်။

 စစ်ရေးအရ ဘတ်ဂျက်ပိုမိုတိုးမြှင့်သုံးစွဲခြင်းလိုမျိုး ထိုင်ဝမ်ရဲ့ကာကွယ်ရေးကို မြှင့်တင်ဖို့ သမ္မတဆိုင်ရဲ့ အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း လိုင်ကဆိုခဲ့ပါတယ်။

 “အထူးသဖြင့် လေ့ကျင့်ရေး၊ အင်အားပြန်လည်ဖွဲ့စည်းရေး၊ အရပ်ဘက်ကာကွယ်ရေးနဲ့ သတင်းအချက်အ လက် မျှဝေရေးတို့မှာ မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်ါအနေဖြင့်ရှာဖွေသွားမယ်” လို့ သူက ရေးသားခဲ့ပါတယ်။

 လိုင်ဟာ လာမယ့်လမှာ အမေရိကန်သို့ သွားရောက်မယ်လို့ မျှော်လင့်ရပြီး သမ္မတလောင်းတွေရဲ့ အစဉ်အလာ အတိုင်း သူတို့ရဲ့မူဝါဒဆိုင်ရာအစီအစဉ်တွေကို ဆွေးနွေးဖို့ဖြစ်တယ်လို့ သံတမန်ရေးရာ သတင်းရင်းမြစ်တွေ ကပြောပါတယ်။ 

အမေရိကန်ဟာ ထိုင်ဝမ်ရဲ့အရေးအပါဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံဖြစ်ပြီး လက်နက် တင်သွင်း သူလည်း ဖြစ်ပါတယ်။ သမ္မတ ဆိုင်ဟာ တရုတ်နိုင်ငံနှင့် အကြိမ်ကြိမ်ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပြီး ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ “တရုတ်တစ်ပြည်ထောင်” ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ တရုတ်ရဲ့သဘောထားကို လက်မခံဘဲ ခွဲထွက်ရေးသမားအဖြစ် ဘေဂျင်းက ရှုမြင်နေခဲ့တာဖြစ်ပါတယ်။

 ဒါ့အပြင် ထိုင်ဝမ်ပြည်သူတွေသာ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ သူမက အခိုင်အမာ ပြောဆိုခဲ့ ပါတယ်။ 

လိုင်ကတော့ သူဝန်ကြီးချုပ်ဖြစ်စဉ်အခါက ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံအား ဒေါသထွက်ခဲ့ပြီး သူဟာ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး အကျိုးပြုသူဖြစ်ကြောင်း ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။ 

သူ့ရဲ့ ရပ်တည်ချက်မှာ ထိုင်ဝမ်ဟာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်ပြီး ပေကျင်းအတွက် မျဉ်းနီဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ 

ထိုင်ဝမ်ဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်လို့ သမ္မတ ဆိုင်နဲ့ လိုင်တို့နှစ်ဦးစလုံးကဆိုထားပြီး ထိုင်ဝမ်ကို နိုင်ငံ ပေါင်း ၁၃ နိုင်ငံကသာ တရားဝင်အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ Ref: 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.