July 5, 2023

ထိုင်ဝမ်သမ္မတလောင်းအဖြစ် တစ်ရှေ့ပြေးနေသူက တရုတ်နိုင်ငံနဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်တယ် လို့ပြော

တိုင်ပေ၊ ဇူလိုင်(၆) ထိုင်ဝမ်သမ္မတလောင်း ဝီလျံလိုင်က သူသာရွေးကောက်ခံရပါက တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြောင်းနဲ့ ကြိုတင်သတ်မှတ်ချက်မရှိဘဲ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ဆန္ဒရှိတဲ့အပြင် ကာကွယ် ရေးကို မြှင့်တင်ဖို့လည်း ကတိပြုကြောင်း ဇွန်လ(၄)ရက်နေ့က Wall Street Journal မှာရေးသားခဲ့တယ်လို့ သိရပါတယ်။ ထိုင်ဝမ်ရဲ့ ဒုသမ္မတလည်းဖြစ်၊ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အတွက် ကိုယ်စား လှယ်လောင်းလည်းဖြစ်တဲ့…

မြန်မာနိုင်ငံသားအိမ်အကူအမျိုးသမီး စင်္ကာပူမှာလူသတ်မှုနဲ့ ထောင်တစ်သက်ချခံရ

စင်္ကာပူ – ဇူလိုင် ( ၅ ) စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူအမျိုးသမီးဟာ အသက်(၇၀) အရွယ် အိမ်ရှင်အမျိုးသမီးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၅) ရက်နေ့က မြန်မာနိုင်ငံသား အိမ်အကူအမျိုးသမီးဖြစ်သူ မဇင်မာနွယ်ဆိုသူ ဟာ သူမအလုပ်ရှင်ရဲ့ ယောက်ခ မကို ဓားနဲ့ (၂၆)ချက်ထိုးသတ်ခဲ့တဲ့အတွက် ဇူလိုင်လ(၄) ရက် နေ့မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။…

ကုလနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ဖူကူရှီးမားဓာတ်ပေါင်းဖို ရေဆိုးထုတ်ခွင့်ပြု

တိုကျို – ဇူလိုင်(၆) တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေရှိနေတဲ့ကြားက ဆူနာမီကြောင့် ပျက်စီးခဲ့ရတဲ့ ဖူကူရှီးမားဓာတ်ပေါင်းဖို ရေဒီယိုသတ္တုကြွအရည်တွေကို ပြန်လည်ပြင်ဆင်မွမ်းမံပြီး သမုဒ္ဒရာထဲ လွှတ်ထုတ်နိုင်ဖို့ ဂျပန်အစိုးရဟာ ကုလနျူကလီးယားစောင့်ကြည့်ရေးရဲ့ အတည်ပြုချက်ရရှိခဲ့ပါ တယ်။ (၂) နှစ်ကျော်ကြာ သုံးသပ်မှု လုပ်ငန်းစဉ်တစ်ရပ်ဆောင်ရွက်ပြီးနောက် နိုင်ငံတကာအဏုမြူစွမ်း အင် အေဂျင်စီ(IAEA) ကဂျပန်အစိုးရရဲ့ အစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစံချိန်စံညွှန်း တွေနဲ့ ကိုက်ညီတယ်လို့…

ကျောင်းသား/ကျောင်းသူ (၁၄၀) နီးပါးဖမ်းဆီးထောင်ချခံထားရတယ်လို့ AAPP ထုတ်ပြန်

မော်လမြိုင် – ဇူလိုင်(၅) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားချိန်ကစပြီး ဇူလိုင်လ(၄) ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား/ကျောင်းသူ (၁၃၈) ဦးရှိတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ကျောင်းသား (၁၀၇) ဦးနဲ့ ကျောင်းသူ (၃၁) ဦးပါဝင်ပြီး ရန်ကုန်တိုင်းက (၆၅) ဦးနဲ့ အများဆုံး ပါဝင်တယ်လို့ ဖော်ပြထားတာပါ။…

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များ တော်လှန်ရေးအင်အားစုတွေနဲ့မပေါင်းဟု စစ်ကောင်လော်ဘီများဝါဒဖြန့်(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “KNPLF – ကလလတက ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားခြင်း မရှိ” ဆိုတဲ့ ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာကို…

ဗြိတိန်လွှတ်တော်အမတ်တွေနဲ့ CRPH တွေ့ဆုံဆွေးနွေး

မော်လမြိုင် – ဇူလိုင်(၅) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ဗြိတိန်နိုင်ငံအထက်လွှတ်တော်အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury)၊ အောက်လွှတ်တော်အမတ် Hon. Ms. Catherine West တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၄) ရက်နေ့ ညနေပိုင်းက ဗီဒီယိုကန့်ဖရင့်က တစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ…

KNU ဝင်ရေးမြို့နယ်ထဲ စစ်တပ်လက်နက်ကြီးပစ်နေလို့ ဒေသခံထောင်ချီထွက်ပြေးနေရ

ဝင်းရေး၊ ဇူလိုင်(၅) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်အကြောင်းမဲ့ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက ထုတ်ပြန်ပါတယ်။ KNU ဝင်းရေးမြို့နယ်ရှိ ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပုလိန်၊ မြို့ဟောင်းနဲ့ ငြိမ်းချမ်းမြိုင်ကျေးရွာတွေဘက်ကို ပြီးခဲ့တဲ့ ဇွန်လ(၂၈)ရက်နေ့ကစပြီး မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၈)တပ်ရင်းက…

မိုင်းခွဲဖျက်ဆီးခံရတဲ့ ဘီးလင်းကျုံအိတ်တံတား စစ်တပ်လုံခြုံရေးမပေးနိုင်လို့ မပြင်နိုင်သေး

မော်လမြိုင်၊ ဇူလိုင်(၅) မိုင်းခွဲဖျက်ဆီးခံထားရတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ဘီးလင်းကျုံအိတ်တံတားကို ယာယီဘေလီတံတားထိုးဖို့ ပြင်ဆင်ထားပေမယ့် စစ်တပ်ဘက်က လုံခြုံရေးမပေးနိုင်တာကြောင့် မပြင်နိုင်သေးဘူးလို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီ မွန်ပြည်နယ်အစိုးရရုံး တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က ကျုံအိတ်တံတားကို ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ တော်လှန်ရေးအင်အားစု…