June 2023

စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော် တကယ်သေပြီ

ရန်ကုန် – ဇွန်(၆) ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်မှာ စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရပြီးနောက် ဒီနေ့ ဇွန်လ(၆) ရက်နေ့ မနက်(၅) နာရီဝန်းကျင်မှာ သေဆုံးသွားတယ်လို့ ဝါဒဖြန့် မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မေလ(၃၀) ရက်နေ့က နေအိမ်ရှေ့မှာ ပစ်ခတ်ခံရပြီးနောက်စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော် ကို စစ်တပ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့တာပါ။ “အားလုံးကို အသိပေးလိုက်ပါအုံး။ လီလီနိုင်ကျော် ဆုံးပြီ။…

စစ်ကောင်စီလက်ထက် ကလေးငယ်သန်းနဲ့ချီ ပညာသင်ယူခွင့်ဆုံးရှုံးနေဆဲ

စစ်ကိုင်း၊ ဇွန်(၆) အခုပညာသင်နှစ်အတွင်း စစ်ကောင်စီ ထိန်းချုပ်ဖွင့်လှစ်နိုင်တဲ့ အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ၆ သန်းကျော်အထိ ရှိလာပေမယ့် ကျောင်းမတက်နိုင်တဲ့ ကလေးငယ်သန်းနဲ့ချီရှိနေတယ်လို့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။ စစ်ကောင်စီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ အပ်နှံသူ ၆ ဒသမ ၅ သန်းအထိ တိုးလာတယ်လို့…

မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းလာ

မိုးဗြဲ၊ ဇွန်(၆) စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က အပြင်းအထန် ကြိုးပမ်းပြင်ဆင်တာတွေ လုပ်ဆောင်လာတယ်လို့ မြေပြင်တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ရေးအရအရေးပါတဲ့ မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ထပ်မံအထိုင်ချဖို့အတွက် ဇွန်လအစောပိုင်းကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်ဖို့ ကြိုးပမ်းနေသလို မြို့ပြင်မှာလည်း နောက်ထပ်စစ်ကြောင်းတွေနဲ့ အသင့်စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ တဖက်မှာတော့ မိုးဗြဲအခြေစိုက် စစ်ကောင်စီ…

တနင်္သာရီမှာစစ်ဘေးရှောင်တွေ ရာသီတုပ်ကွေး အစုလိုက်အပြုံအလိုက်ဖြစ်ပွားနေ

တနင်္သာရီ၊ ဇွန်(၆) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးတွင်းကာလကျရောက်လာတဲ့အတွက် ရာသီတုပ်ကွေး အစုံအလိုက်အပြုံအလိုက် ဖြစ်ပွားတာတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလဒုတိယအပတ်ကစပြီး ရာသီတုပ်ကွေးတွေ စတင်ဖြစ်ပွားရာကနေ အခုအခါမှာတော့ ရောဂါဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ၃၀၀ ကျော်အထိ ရှိလာခဲ့သလို တချို့တွေဆိုရင် မိသားစုအလိုက် ဖြစ်ပွားတာတွေ ရှိနေတာပါ။ ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေဟာ…

ရေးလမ်းပိုင်းမှာ ခရီးသွားတွေထံကနေ ငွေကျပ်သောင်းနဲ့ချီ တောင်းခံတာတွေရှိလာ

ရေး၊ ဇွန်(၆) မွန်ပြည်နယ် ရေး-မော်လမြိုင်ကားလမ်းတွေမှာ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေဟာ ခရီးသွားပြည်သူတွေထံကနေ ငွေကျပ်သောင်းနဲ့ချီ တောင်းခံတာတွေ ရှိလာတယ်လို့ ခရီးသွားတွေနဲ့ အဝေးပြေးယာဉ်မောင်းတွေကို သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရေး-မော်လမြိုင်ကားလမ်းမှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ ဖွင့်လှစ်ထားပြီး ခရီးသွားပြည်သူတွေထံကနေ ငွေကြေးအဆမတန် တောင်းခံတာတွေ လုပ်ဆောင်နေပါတယ်။ ခရီးသွားပြည်သူတွေဟာ စစ်ဆေးရေးဂိတ်တစ်ဂိတ်ကို ကျပ် ၁၀၀၀ ကနေ…

အာဖဂန်နစ္စတန် မူလတန်းကျောင်းတွေမှာ အဆိပ်ခတ်လုပ်ကြံမှုကြောင့် ကျောင်းသူ(၈၀) နီးပါး အဆိပ်သင့်

ကာဘူးလ်၊ ဇွန်(၆) အာဖဂန်နစ္စတန်ရှိ မူလတန်းကျောင်းတွေမှာ သီးခြားတိုက်ခိုက်မှုနှစ်ကြိမ်အတွင်း ကျောင်းသူ (၈၀) နီးပါး အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ တာလီဘန်တွေက အာဏာသိမ်းပြီးကတည်းက အာဖဂန်အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်ဖြိုခွင်းခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်အပါအဝင် ဆဌမတန်းအထက်ကျော်လွန်တက်ရောက်နေတဲ့ မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့်…

Mask တပ်ဆင်မှုလျှော့ကျလာချိန် ဂျပန်လူမျိုးတွေ Smile Education သင်တန်းတက်သူများလာ

တိုကျို – ဇွန်(၆) ဂျပန်နိုင်ငံရဲ့ ကေတိုကာဝန်နို စာသင်ခန်းတွေထဲက ကျောင်းသားတစ်ဒါဇင်ကျော်ဟာ မှန်တွေ ကိုင်ပြီး သူတို့ရဲ့ ပါးစပ်တွေကို လက်ချောင်းတွေနဲ့ တွန်းကာ ဘယ်လိုပြုံးရတယ်ဆိုတာ လေ့ကျင့် နေကြပါတယ်။ ကိုဗစ်ကပ်ဘေးဖြစ်လာချိန်အတွက် Mask ဝတ်ဆင်ခဲ့ပြီးနောက် ကာဝန်နိုဝန်ဆောင်မှုအဖြစ် ဂျပန်မှာ Smile Instructor လိုအပ်ချက်မြင့်တက်လာခဲ့တာပါ။ အသက်(၂၀) အရွယ်ဟီမာဝါရိုရှီဒါဟာ သူမရဲ့ အပြုံးကို အသုံးပြုပြီး အလုပ်လုပ်ရတဲ့…

ဟောင်ကောင်မှာ တီယန်မင် နှစ်ပတ်လည့်နေ့နဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေကြောင့် ကုလအထူး စိုးရိမ်နေ

ဟောင်ကောင် – ဇွန်(၆) တီယန်မင်ရင်ပြင် ဖြိုခွင်းမှု (၃၄) နှစ်မြောက် နှစ်ပတ်လည် နေ့နဲ့ ပတ်သက်ပြီး ဟောင်ကောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေအတွက် အထူးစိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါ တယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် ဘေဂျင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုမှာ လူ (၂၃) ဦးကို…

ကျောက်တံတား အခွန်ဦးစီးမှူးရုံးပေါက်ကွဲမှုဖြစ်ပြီး (၆) ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန် – ဇွန်(၅) ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ် (၄) ရပ်ကွက်၊ပန်းဆိုးတန်းလမ်း အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃) လွှာမှာရှိတဲ့ ကမ္ပဏီများဆိုင်ရာ အခွန်ဌာနမှာ ပေါက်ကွဲမှုဖြစ်ပြီး (၆) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၅) ရက်နေ့ နေ့လည် (၁၂) နာရီကျော်က ပြည်သူသုံးထိုင်ခုံတွေဘေးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ပေါကျကှဲမှုကွောငျ့ ကုမ်ပဏီမြားဆိုငျရာ၊…