တိုကျို၊ ဇူလိုင်(၁)
ဂျပန်ငွေကြေးဟာ ခုနစ်လအတွင်း ဒေါ်လာနှင့်ယှဉ်ရင် အနိမ့်ဆုံးသို့ ထိုးကျသွားပြီးတဲ့နောက် ယန်းငွေဟာ အလွန်အကျွံ ကျဆင်းလာပါက ဂျပန်နိုင်ငံအနေနဲ့သင့်လျော်သော ခြေလှမ်းတွေပြင် ဆင်ချမှတ်မှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဆူနီချီ ဆူဇူကီးက ဇွန်လ (၃၀) ရက်နေ့မှာ ပြောခဲ့ ပါတယ်။
ဈေးကစားသူတွေကို ဂျပန်အာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်ပေးရတဲ့အထိ အဆင့်တစ်ခု ဖြစ်နေတဲ့ ဂျပန်ရဲ့ငွေကြေးကျဆင်းမှုကြောင့် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ယန်းငွေကို အလွန် အမင်းရောင်းချခြင်းမပြုဖို့ ဝန်ကြီးဆူဇူကီးက သတိပေးခဲ့တာပါ။
ယန်းငွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလမှာ အဆိုးဆုံးကျဆင်းခဲ့မှုကြောင့်(၂၄) နှစ်အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် အာဏာပိုင်တွေအနေနဲ့ ငွေကြေးထောက်ပံ့ဖို့ ဈေးကွက်တွေထဲသို့ ဝင်ရောက်စွက် ဖက်ခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။
“ငွေကြေးတွေဟာ အခြေခံအချက်တွေပေါ် တည်ငြိမ်စွာ ရွေ့လျားနေဖို့ အရေးကြီးတယ်” လို့ ဆူဇူကီးက သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
“သိသာပြီး တစ်ဖက်သတ် အရွေ့တွေကို မကြာသေးမီက ငွေကြေးဈေးကွက်မှာ မြင်တွေ့ရပါ တယ်။ အစိုးရ အနေနဲ့ ငွေကြေးဈေးကွက်မှာ အရှိန်အဟုန်ပြင်းစွာ ရွေ့လျားနေတာကို အရေး တကြီး စောင့်ကြည့်နေပါတယ်။ လှုပ်ရှားမှုတွေက အလွန်အကျွံဖြစ်လာရင်တော့ သင့်လျော်သလို တုံ့ပြန်သွားမှာပါ” လို့ သူက ဆက်လက် ပြောကြားခဲ့တာဖြစ်ပါတယ်။
ယန်းငွေတန်ဖိုး လျော့နည်းလာခြင်းဟာ ပို့ကုန် သို့မဟုတ် သွင်းကုန်ကဏ္ဍတွေပေါ် မူတည်ပြီး စီးပွားရေးအပေါ် အပြုသဘောနှင့် အပျက်သဘော သက်ရောက်မှုနှစ်မျိုးလုံးရှိနိုင်တယ်လို့လည်း ဆိုထားတာပါ။
ဒါပေမယ့်လည်း အစိုးရပေါ်လစီက ဈေးနှုန်းမြင့်တက်မှုရဲ့အကျိုးသက်ရောက်မှုကို လျော့ပါး စေဖို့ ခြေလှမ်းတွေ ကို အာရုံစိုက်နေတဲ့ လက်ရှိအခြေအနေအရ ထည့်သွင်းစဉ်းစားခြင်းမှာတော့ အပြုသဘောမဆောင်ကြောင်း ဆူဇူကီးက ပြောကြားခဲ့ပါတယ်။
ဂျပန်ငွေကြေးဟာ အာရှအစောပိုင်းကုန်သွယ်မှုမှာ တစ်ဒေါ်လာလျှင် (၁၄၅.၀၇) ထိသွားခဲ့ပြီး (၇) လကျော် အတွင်း အနိမ့်ဆုံးဖြစ်သော်လည်း မကြာသေးခင်မှာတော့ (၁၄၄.၈၀) မှာ ဈေးတည်ငြိမ် သွားခဲ့တာဖြစ်ပါတယ်။
ယန်းငွေဟာ အခုနှစ်မှာ ဒေါ်လာနဲ့ယှဉ်ပါက ၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဂျပန်အာဏာပိုင်တွေက ငွေကြေးအလျင်အမြန် ရွေ့လျားမှုဟာ တိကျသောအဆင့်မဟုတ်ဘဲ ကြားဝင်စွက်ဖက်ဖို့ ဆုံးဖြတ်တဲ့အချက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Ref: Reuters