ဝါရှင်တန်၊ ဇူလိုင်(၁)

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန် လေပိုင်နက်ထဲ ပျံသန်းခဲ့လို့ အမေ ရိကန်တိုက်လေယာဉ်က ပစ်ချခဲ့တဲ့ တရုတ်သူလျှိုမိုးပျံ ပူဖောင်းဟာ ထောက်လှမ်းရေးဆိုင်ရာအချက်အလက် တွေကို မစုဆောင်းနိုင်ခဲ့ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ဇွန်လ (၂၉) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

“အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အကဲဖြတ်ချက်တစ်ခုအရ အမေရိကန်ကို ဖြတ်ကျော် ပျံသန်းနေချိန်မှာ ဘာအချက်အလက်မှ မစုဆောင်းနိုင်ခဲ့ဘူး” လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပတ်ရိုင်ဒါက ပြောခဲ့ပါတယ်။ 

မိုးပျံပူဖောင်းနဲ့ သတင်းအချက်အလက်တွေ စုဆောင်းမှုကို လျော့ပါးစေဖို့ အမေရိကန်က လုပ်ဆောင်ခဲ့ကြောင်း သူက ပြောဆိုခဲ့ပါတယ်။ 

အီလက်ထရွန်းနစ်ပစ္စည်းတွေ ကြီးမားစွာပါရှိတဲ့ မိုးပျံပူဖောင်းကြီးဟာ အလက်စကာမြို့မှ တောင်ကာရိုလိုင်း နားသို့ အခုနှစ် ဇန်နဝါရီလနှောင်းပိုင်းမှ ဖေဖော်ဝါရီလအစောပိုင်းအထိ ပျံသန်းခဲ့ပြီး အရေးကြီးတဲ့ စစ်ရေး အဆောက်အအုံတွေအပေါ်မှ ဖြတ်ကျော်ခဲ့တာပါ။ 

ဒီလိုအခြေအနေတွေကြောင့် ဘေဂျင်းဟာ အရေးကြီးတဲ့ စစ်ရေးအချက်အလက်တွေကို ထောက်လှမ်းကောက် ယူမှုတွေပြုလုပ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ 

အဲဒီမိုးပျံပူဖောင်းကို တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှာ ဖေဖော်ဝါရီ ၄ ရက်က အမေရိကန်တိုက် လေ ယာဉ်မှ ပစ်ချခဲ့တာဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ လေ့လာနေတဲ့ အမေရိကန်စစ်တပ်က မီးပုံးပျံအပျက်အ စီးတွေကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီဖြစ်ရပ်ကြောင့် ပေကျင်းနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေး တင်းမာမှုတွေ ပိုမိုဖြစ်ပေါ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေဖို့ ရည်ရွယ်တဲ့ တရုတ်နိုင်ငံသို့ ကာလရှည်ကြာ စီစဉ်ထားတဲ့ ဖေဖော်ဝါရီလတွင်း ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

 မီးပုံးပျံဟာ အချက်အလက်တွေ ထောက်လှမ်းခြင်းမဟုတ်ကြောင်း တရုတ်က ငြင်းဆိုထားပြီး အမေရိကန်လေ ပိုင်နက်အတွင်းသို့ လမ်းလွဲဝင်ရောက်သွားတာဖြစ်တယ်လို့ ပြောကြားထားတာပါ။ 

အခုလအစောပိုင်းမှာ တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ တွေ့ဆုံတဲ့ ဘလင်ကန်ရဲ့ ပေကျင်းခရီးစဉ်မတိုင်မီမှာပဲ အိမ်ဖြူတော်က မီးပုံးပျံဖြစ်ရပ်တစ်ခုလုံးကို သင်ပုန်းချေခဲ့တာလည်း ဖြစ်ပါတယ်။

 တရုတ်ခေါင်းဆောင်ပိုင်းတွေကလည်း မိုးပျံပူဖောင်း ဘယ်မှာရှိတယ်ဆိုတာ၊ အထဲမှာ ဘာရှိတယ်ဆိုတာနဲ့ ဘာတွေ ဆက်ဖြစ်နေလဲဆိုတာကို သိမယ်မထင်ဘူးလို့သမ္မတ ဂျိုးဘိုင်ဒင်ကဆိုခဲ့ပြီး ဒါဟာ ရည်ရွယ် ချက်ရှိရှိလုပ်တာထက် ပိုရှက်စရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ် လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.