ဘေဂျင်း – ဇွန်(၂၇) 

ရုရှားနိုင်ငံရဲ့ နိုင်ငံတော်တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ တရာတ်က ရုရှားကို ထောက်ခံတယ်လို့ ဝဂ်နာကြေးစားအဖွဲ့ရဲ့ လက်နက်ကိုင်ပုန်ကန်မှုကို ဖြေရှင်းပြီး တစ်ရက်အကြာမှာ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ 

ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အာဏာချုပ်ကိုင်မှုကို အဆိုးရွားဆုံး စိန်ခေါ်မှု တစ်ခုဖြစ်ပေါ်ပြီးနောက် ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရူဒင်ဂို က နိုင်ငံတကာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ(၂၄) ရက်နေ့က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရုရှားဖက်ဒရေးရှင်းခေါင်းဆောင်တွေ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်ဘက်က ထောက်ခံတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ရုရှား ရဲ့စည်းလုံးညီညွတ်မှုနဲ့ ပိုမိုသာယာဝပြောရေးကို ခိုင်မာစေဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောခဲ့ပါတယ်။ 

ရူဒင်ဂိုက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ တရုတ်-ရုရှား ဆက်ဆံရေးအပြင် နိုင်ငံတကာနဲ့ ဒေသတွင်း ဘုံတူညီတဲ့ စိုးရိမ်စရာ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ခဲ့တယ်လို့လည်း သိရပါ တယ်။ 

ရုရှားရဲ့ အမျိုးသားတည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ တရုတ်က ထောက်ခံကြောင်းနဲ့ ရုရှားမှာ မကြာခင်က တင်းမာမှုတွေတိုးလာတာဟာ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဝဂ်နာခေါင်းဆောင် ပရစ်ဂေါ့ဇင်းဦးဆောင်တဲ့ ပုန်ကန်မှုကို တုံ့ပြန်ခဲ့တာဟာ ရူဒင်ကို တရုတ်ကို သွားရောက်ချိန် ဒါမှမဟုတ် တရုတ်နိုင်ငံကို လည်ပတ်မှု ရှိ/မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိ ရသေးပါဘူး

ပရစ်ဂေါ့ဇင်းနဲ့ ကြေးစားတွေကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်ရတာကနေ လွတ်မြောက်စေမယ့် သဘောတူညီချက်နဲ့ တိုက်ခိုက်ရေးသမားတွေကို အခြေစိုက်စခန်းကို ပြန်လည်ဆုတ်ခွာပြီး ဘီလာရုစ်ကို ပြောင်းရွှေ့ဆို့အတွက် ပုန်ကန်မှုကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အနောက်နိုင်ငံခေါင်းဆောင်တွေက အခြေအနေကို အနီးကပ်စောင့်ကြည်နေတယ်လို့ ဆိုထားပြီး ပူတင်က ရုရှားရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နေတာ လို့ ဆိုခဲ့တဲ့ ပုန်ကန်မှုနဲ့ ပတ်သက်ပြီး အစောပိုင်းမှာ တရုတ်က မှတ်ချက်ပေးတာမရှိခဲ့ပါဘူး။ 

“ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အလေးပေးပြောနေပေမယ့် တရုတ်က ရုရှားကို ထောက်ခံလိမ့်မည်” လို့ ထင်ရှားတဲ့ တရုတ်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ ရုပ်မြင်သံကြား မှတ်ချက်ပေးသူဖြစ်တဲ့ ဆောင်းဇုမ်ပင်က ရိုက်တာကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဒီပုန်ကန်မှုကနေ လိုချင်တဲ့ ရလဒ်ရရှိဖို့ ခက်ခဲတယ်ဆိုတာကို ပရစ်ဂေါ့ဇင်းက သဘော ပေါက်ထားတယ်လို့ သူက ပြောပါသေးတယ်။ 

ပုန်ကန်မှုကို တရုတ်မီဒီယာတွေက အနီးကပ်စောင့်ကြည့်နေကြကာ တရားဝင်မှတ်ချက် မပေးမီ ဝေဖန်ပြောဆိုတာတွေကိုတော့ အများစုက ရှောင်ရှားခဲ့ကြပါတယ်။ 

ဒါပေမယ့် တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ Global Times သတင်းစာက ပုန်ကန်မှုနဲ့ ထင်ယာင် ထင်ရှား ဖြစ်အောင် ရုရှားနိုင်ငံကို ဖန်တီးနေတာဟာ အတွင်းပိုင်း သဘောထားကွဲလွဲမှုတွေရှိပြီး ပြိုကွဲမှုဟာ အနောက်မီဒီယာတွေရဲ့ နောက်ဆုံးတိုက်ခိုက်မှုနဲ့ ရုရှားလူမှု စည်းလုံးညီညွတ်မှု ပြိုကွဲ စေဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

တရုတ်နိုင်ငံသားအများစုကတော့ ပူတင်ကို လူမှုကွန်ရက်မှာ ထောက်ခံကြောင်း ဖော်ပြထားကြ သလို “မင်းလုပ်နိုင်တယ်၊ ရုရှား” ဆိုတဲ့ စာသားတွေကိုလည်း ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထား ကြပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.