တိုင်ပေ – ဇွန်(၁၄)
ထိုင်ဝမ်စစ်တပ်ဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နဲ့ ထိုင်ဝမ်စစ်တပ်ကြားက ယူနီဖောင်း၊ ရုပ်ဖျက်တာနဲ့ အဆောင်အယောင်တွေအပေါ်အခြေခံပြီး ကွာခြားမှုကဏ္ဍတွေပါဝင်တဲ့ အရပ်ဘက် ကာကွယ်ရေးလက်စွဲစာအုပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ဗုံး အကာအကွယ်တွေ၊ရေနဲ့ အစားအသောက်တွေကို စမတ်ဖုန်းအက်ပ်တွေကတစ်ဆင့် ရှာဖွေပုံနဲ့ အရေးပေါ် ရှေးဦးသူနာပြုဆိုင်ရာ အကြံပြုချက်တွေကို အသေးစိတ်ဖော်ပြတဲ့ လမ်းညွှန်စာအုပ် ကို ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ခဲ့တာပါ။
ရုရှားက အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ယူကရိန်း ပဋိပက္ခကိုထင်ဟပ်စေတဲ့ စစ်ပွဲဆိုင်ရာ အဖြစ် အပျက်တွေကို ပိုမိုကောင်းမွန်စွာ တင်ပြနိုင်နိုင်ဖို့ လိုအပ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက အကြုံပြုချက်တွေလက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
အရပ်ဘက်ကာကွယ်ရေးလမ်းညွှန်စာအုပ်မှာ ပြောင်းလဲမှုတစ်ခုအနေနဲ့ ထိုင်ဝမ်အမှုထမ်းတွေပုံနဲ့ တရုတ်စစ်ယူနီဖောင်းဝတ်ထားတဲ့ ရန်သူစစ်သားဆိုတဲ့ သရုပ်ဖော်ပုံတွေ ပါဝင်တယ်လို့ သိရပါ တယ်။
ထိုင်ဝမ်စစ်သားတွေဟာ ပြုံပြုံရွှင်ရွှင်နေကြပေမယ့် တရုတ်လူမျိုးတွေကတော့ ပါးစပ်မှ မွှန်ကာ ပြင်းထန်တဲ့ အမူအရာတွေ လုပ်ဆောင်တက်ကြတယ်လို့ သိရပါတယ်။
“တကယ်တော့ သူတို့ကို ခွဲခြားရ တော်တော်ခက်ပါတယ်” လို့ ကာကွယ်ရေးဆိုင်ရာ အေဂျင်စီတစ်ခုရဲ့ ဒါရိုက်တာ ရှမ်ဝေချီက သတင်းထောက်များအား ပြောခဲ့ပါတယ်။
လက်စွဲစာအုပ်မှာ တရုတ်စစ်သားတွေက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ယူနီဖောင်း တွေကို ဝတ်ဆင်မယ်လို့ ယူဆနေကြသလို ထိုင်ဝမ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာလည်း အထူးတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိရိယာ အစုံအလင်နဲ့ ဝတ်ဆင်ကြလိမ့်မယ်လို့ ကျွမ်းကျင်သူတွေ ကဆိုကြပါတယ်။
ရဲတပ်ဖွဲ့နဲ့ ရှေးဦးတုံ့ပြန်သူတွေအပါအဝင် ထိုင်ဝမ်ရဲ့ အရေးပေါ်ဝန်ထမ်း လမ်းညွှန်မှုတွေကို လည်း လက်စွဲစာအုပ်အသစ်မှာ ပြသထားပြီး အခမဲ့ ဒေါင်းလုပ်ရယူနိုင်သလို အင်္ဂလိပ်ဘာသာ ပြန်တဲ့ လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်နေတယ်လို့ ရှမ်က ပြောပါတယ်။
အဲဒီလက်စွဲစာအုပ်စီစဉ်တာဟာ အိမ်နီးချင်းနိုင်ငံအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုကိုကို ထိုင်ဝမ် အတွက် ဂယက်ရိုက်ခတ်မှုနဲ့ လေ့ကျင့်ရေးနဲ့ စစ်မှုထမ်းသက်တမ်းတိုးတာစတဲ့ ပြုပြင် ပြောင်းလဲမှုတွေအပါအဝင် ကြိုတင်ပြင်ဆင်မှုမြှင့်တင်ဖို့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး အချေ အတင်ဆွေးနွေးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်က်ို သူတို့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာဆ်ိုထား တဲ့ တရုတ်နိုင်ငံကို ထိုင်ဝမ်က ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေရှိပေမယ့် အချုပ်အခြာအာဏာ ကို တွန်းအားပေးဖို့ လွန်လဲ့တဲ့ (၃) နှစ်အတွင်း စစ်ရေးနဲ့ နိုင်ငံရေးအရ ဖိအားများလာခဲ့တာဖြစ်ပါ တယ်။
ထိုင်ဝမ်ဟာ ဗုံးအကာအကွယ်တွေ သင့်လျော်ကြောင့် သေချာစေဖို့နဲ့ ရှာဖွေရလွယ်ကူစေဖို့ သင်္ကေတတွေ အဆင့်မြှင့်တင်တာတွေ ပြုလုပ်နေပြီး အမှတ်အသားတွေအနေနဲ့ မှိတ်တုတ် မီးတွေ ပါဝင်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
Ref: CNA