ပြုံယမ်း၊ ဇွန်(၁၃)
ရုရှားနိုင်ငံရဲ့အမျိုးသားနေ့အထိမ်းအမှတ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့သဝဏ်လွှာမှာ ယူက ရိန်းစစ်ပွဲအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်ကို ထောက်ခံကြောင်း ပြောဆိုခဲ့ပြီး ပိုမိုနီးကပ်တဲ့ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ဖို့ သူ့အနေနဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကင်ဂျုံအန်းဟာ ပူတင်ထံပေးပို့တဲ့ အရင်စာတွေကဲ့သို့ပင် ရုရှားသမ္မတရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ လမ်းညွှန် မှုတို့ကို ချီးကျူးကြောင်းထည့်သွင်းရေးထားခဲ့တာပါ။
ရုရှားကိုရန်လိုနေတဲ့ အင်အားစုတွေရဲ့ ပြင်းထန်တဲ့ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေကို တားဆီးဖို့ ရုရှားပြည်သူ တွေရဲ့ ရုန်းကန်မှုတွေနဲ့ အခုချိန်ဟာ လုံခြုံရေးနဲ့ ငြိမ်းချမ်းသောဘဝကို အဆုံးအဖြတ်ပေးတဲ့ အဆင့်သစ်တစ် ခုသို့ ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ဂုဏ်ပြုရေးသားခဲ့ပါတယ်။
နိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ထုတ်ဝေတဲ့စာမှာတော့ ကင်မ်ဟာ “တရားမျှတမှုဟာ အနိုင်ရဖို့ သေချာပြီး ရုရှားပြည်သူတွေဟာ အောင်ပွဲရဲ့သမိုင်းကို ၎င်းတို့ရဲ့ထူးခြားတဲ့ အစဉ်အလာအဖြစ် ဆက် လက်ဂုဏ်တင်လိမ့်မယ်” လို့ ဖော်ပြခဲ့တာပါ။
မြောက်ကိုရီးယားအနေနဲ့ နယ်ချဲ့သမားတွေရဲ့ နိုင်ထက်စီးနင်းပြုကျင့်မှုတွေကို ဆန့်ကျင်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ မြင့်မြတ်တဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းရာမှာလည်း ရုရှားပြည်သူတွေကို အပြည့်အဝ ထောက်ခံပြီး စည်းလုံးညီညွတ်မှုကို ချဲ့ထွင်ခဲ့တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား ပိုမိုနီးကပ်တဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက် ကြိုးပမ်းလိုတဲ့ ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ရုရှားကယူကရိန်းကို စတင်ကျူးကျော်ပြီးကတည်းက ပြုံယမ်းဟာမော်စကိုအား အခိုင်အမာ ထောက်ခံကြောင်း ပြသခဲ့ပြီး ကိယက်ဗ်နဲ့ အနောက်နိုင်ငံတွေက ရုရှားရဲ့အချုပ်အခြာအာဏာကို ပျက်ပြားစေဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။
မကြာသေးမီက ရေကာတာ ပြိုကျမှုနောက်ကွယ်မှာ ယူကရိန်းအစိုးရဟာ ဒီနီပါကမ်းရိုးတန်းရှိ လူထောင်ပေါင်း များစွာကို ဆိုးရွားစွာထိခိုက်နစ်နာစေတဲ့ ဖောက်ခွဲမှုရဲ့ နောက်ကွယ်မှာရှိနေတယ် လို့လည်း မြောက်ကိုရီး ယားမီဒီယာက စွပ်စွဲရေးသား ဖော်ပြခဲ့ပါတယ်။
Ref: La Prensa Latina