ကီးယက် – ဇွန်(၁၃)


ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှု ကြေညာပြီးနောက်တစ် ရက် အကြာမှာ အရှေ့တောင်ဘက်မှာရှိတဲ့ စုဝေးအခြေချနေထိုင်ကြတဲ့ စတုတ္ထမြောက်ရွာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။


ယူကရိန်းဟာ အရှေ့ဘက်နဲ့ တောင်ဘက်က နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်မယ်လို့ မျှော်လင့်ထားသလို သိမ်းပိုက်ခံထားရတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ထောက်ပံ့ဖို့ ရုရှား အသုံးပြုနေတဲ့ မြေသားတံတားကို ခြိမ်းခြောက်နေတဲ့အတွက် ယူကရိန်းဟာ ထိခိုက်မှု လျော့နည်းစေဖို့ အသံတိတ်စစ်ဆင်ရေး လုပ်ဆောင်နေတာပါ။


ပြီးခဲ့တဲ့ သီတင်းပတ်က တန်ပြန်ထိုးစစ် စတင်နေပြီလို့ ရုရှားက ပြောခဲ့ပြီး လက်ရှိအချိန်ထိ ပျက်စီးသွားတဲ့ အမေရိကန်နဲ့ ဂျာမန်လုပ် တိုက်ခိုက်ရေးယာဉ်တွေနဲ့ တင့်ကားတွေရဲ့ ပုံတွေကို ထုတ်ပြန်ခဲ့ပြီး လက်တလော ကျရှုံးမှုအဖြစ် သရုပ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။


ယူကရိန်းက ဇာပိုရီဇီဇီယာဒေသနဲ့ ကပ်နေတဲ့ ဒွန်ညက်ဒေသအစွန်းမှာရှိတ့ ကျေးရွာ(၃) ရွာကို သူတို့ရဲ့ တပ်ဖွဲ့တွေက လွတ်မြောက်စေခဲ့တယ်လို့ ပြောပါတယ်။
ကြိုတင်အစီရင်ခံတင်ပြချက်တွေအရ အရင်က ရှေ့တန်းဖြစ်ခဲ့တဲ့ နေရာမှ (၃) မိုင်သာသာအကွာ က မာကာရီဗ်ကာကျေးရွာနဲ့အတူ သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


မာကာရီဗ်ကာကျေးရွာဟာ အေဇိုပင်လယ်ရှိ ရုရှားကုန်းမြေတံတားရဲ့ တောင်ဘက်ခြမ်းမှ (၉၀) ကီလိုမီတာအကွာမှာ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ထင်ရှားတဲ့ ရုရှားစစ်တပ်ဘလော့ဂါတချို့က မာကာရီဗ်ကာမှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ယူကရိန်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။


ရုရှားဟာ အနောက်အုပ်စုမှ လေ့ကျင့်သင်ကြားထားပြီး လက်နက်တပ်ဆင်ထားတဲ့ ယူကရိန်းတပ် တွေရဲ့ တိုက်ခိုက်တာကို ခုခံဖို့ ခံတပ်ပြင်ဆင်မှုတွေလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒွန်ညက်ဒေသရှိ နေရာတစ်ချို့နဲ့ လွန်နက်ဒေသအနီးမှာ လွန်ခဲ့တဲ့ (၂၄) နာရီအတွင်းတိုက်ပွဲ (၂၅) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ ပုံမှန်တိုက်ပွဲ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။


ယူကရိန်းတပ်ဖွဲ့တါေဟာ ဘာ့က်မက် ကမ်းရိုးတန်းတွေကို ထပ်မံတန်ပြန်တိုက်ခိုက်ခဲ့ပြီး ရုရှား တပ်ဖွဲ့တွေကို မီတာ(၇၀၀) အထိ နောက်ပြန်ဆုတ်စေနိုင်ခဲ့တယ်လို့ အရှေ့ပိုင်း စစ်ကွပ်ကဲမှု ပြောခွင့်ရ ချီရီဗာရီက ပြောပါတယ်။


ရုရှားဟာ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ကျူးကျော်ဝင်ရောက်မှုအတွင်း သွေးထွက်သံယိုအပြင်း ထန်ဆုံးတိုက်ပွဲတချို့အပြီးမှာ ပြီးခဲ့တဲ့ လက ပျက်စီးနေတဲ့ မြို့တွေကို ရုရှားက သိမ်းပိုက်ခဲ့ပြီး နှစ်ဖက်တပ်တွေက သီတင်းပတ်တွေအတွင်း တစ်ဘက်နဲ့တစ်ဘက် ဆုံးရှုံးမှုကြီးမားခဲ့ကြတယ် လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.