မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်း ပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့်ကြောင့် တွေ့ဆုံခဲ့သည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲသည် ရလာဒ်ကောင်းများနဲ့ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့“ဆိုတဲ့ ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Kyaw swar ,ko thet , Han nyein oo စတဲ့တယ်လီဂရမ်အကောင့်ကနေ ဇွန်လ( ၂ )ရက်နေ့မှာ အွန်လိုင်းမှာဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ၃ရက်ကြာ ဆွေးနွေးမည့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ၂ ရက်အကြာတွင် ပြဿာနာကြောင့် ရပ်တန့်သွားခဲ့တဲ့အပြင် ဇွန်လ၃ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်MNDAA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ယုံကြည်စိတ်ချရသောသ တင်းဌာနက ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဇွန် ၁ရက်နေ့မှ ၃ရက်နေ့အထိ ဆွေးနွေးရန် စီစဉ်ထားသည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA၊ ကိုးကန့်တပ် MNDAA နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA ကိုယ်စားလှယ်တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ၂ရက်အကြာတွင် ပြဿာနာကြောင့် ဆက်လက်မဆွေးနွေးတော့ဘဲ ရပ်တန့်လိုက်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူခေါင်းဆောင်တချို့ကိုမေးမြန်းကာ Western Newsသတင်းဌာနက ဇွန်၃ရက်က ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ကိုးကန့်နဲ့ မြန်မာစစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွား ခဲ့တာကိုလည်း စိစစ်တွေ့ရှိရပါတယ်။မြန်မာစစ်ကောင်စီငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့မှာ တွေ့ဆုံမှုအပြီးမှာပဲဇွန်လ ၂ ရက်နေ့ စလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ MNDAA တပ်စခန်းတခုကို မြန်မာစစ်ကောင်စီက စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ VOAသတင်းဌာနက သတင်းရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဇွန်လ၁ရက်နေ့ မနက်ပိုင်းက အထူးဒေသ(၁)၊ မူပန်ခရိုင်ထဲက MNDAA ယာယီတပ်စခန်းတခုကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တနာရီကြာတိုက်ပွဲဖြစ်ခဲ့သလိုပဲ ဇွန်လ ၃ရက်နေ့မှာလည်း ကိုးကန့်ခရိုင်၊ တုံရှမ်းဒေသအခြေစိုက် MNDAA တပ်နဲ့ စစ်ကောင်စီတပ်အကြား နှစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း MNDAA ကိုးကန့်ဖက်က တဦးကျဆုံး တဦး ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ပေမယ့် စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုရှိမရှိကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရှိရဘူးလို့ VOAသတင်းဌာနက သတင်းရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

VOAသတင်းဌာနက သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/aivA0

Western Newsသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/hpqy5

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့်ကြောင့် တွေ့ဆုံခဲ့သည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲသည် ရလာဒ်ကောင်းများဖြင့ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.