ဘေဂျင်း၊ ဇွန်(၁)

တရုတ်အာကာသစခန်းသို့ ပဉ္စမအကြိမ်မြောက်လူလိုက်ပါတဲ့ မစ်ရှင်တစ်ခုအဖြစ် ရှန်ဇူး-၁၆ မစ်ရှင်ကို အင်္ဂါနေ့ကလွှတ်တင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အခုအချိန်မှာအပြည့်အဝလည်ပတ်နေပြီဖြစ်တဲ့ အာကာသစခန်းသို့ အာကာသယာဉ်မှူးသုံးဦးကို စေလွှတ် ခဲ့ကြောင်းပြောကြားထားတာပါ။

အာကာသယာဉ် ရှန်ဇူး-၁၆ ဒါမှမဟုတ်”Divine Vessel” ထဲမှာ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားပြီး  တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂိုဘီသဲကန္တာရရှိဂြိုလ်တုလွှတ်တင်ရေးစင်တာ Long March-2F ဒုံးပျံပေါ်ကနေ ဒေသစံတော်ချိန် နံနက် ၉နာရီ ၃၁မိနစ်ချိန်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ 

ရှန်ဇူး-၁၆ မှ အာကာသယာဉ်မှူးတွေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလနှောင်းပိုင်းမှာ အာကာသစခန်းကို ရောက်ရှိခဲ့တဲ့ ရှန်ဇို-၁၅ ရဲ့ အဖွဲ့ဝင် သုံးဦးနဲ့ အစားထိုးမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မော်ဂျူးသုံးခုပါဝင်တဲ့ အဲဒီစခန်းဟာ ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး လေယာဉ်မှူတွေနဲ့ မပြီးမြောက်သေးတဲ့ မစ်ရှင် (၁၁) ခုကိုဆောင်ရွက်ခဲ့ရာ ၂၀၂၂ခုနှစ်ကုန်မှာ ပြီးစီးခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရှန်ဇူး-၁၆ မစ်ရှင်ကို ဦးဆောင်သူမှာ ၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံရဲ့ အာကာ သယာဉ်မှူးသင်တန်းမှ အကြီးတန်းအာကာသယာဉ်မှူးဖြစ်ပြီး အသက် ၅၆ နှစ်အရွယ်ရှိတဲ့ ကျင်းဟိုင်ပန် ဖြစ်ပါတယ်။ 

သူဟာ မစ်ရှင်မှူးအဖြစ် ခရီးစဉ်နှစ်ကြိမ်အပါအဝင် ယခင်က အာကာသသို့ သုံးကြိမ်သွားရောက်ခဲ့ဖူးပါတယ်။ 

ပေကျင်းဟာ အခုနှစ်အတွင်း ပတ်လမ်းရှိ ကင်းစခန်းသို့ နောက်ထပ်အာကာသမစ်ရှင်တစ်ခုကို လွှတ်တင်ဖို့ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ၂၀၂၃ နှစ်ကုန်ပိုင်းမှာလည်း တရုတ်နိုင်ငံဟာ ဘတ်စ်ကားကြီးတစ်စင်းရဲ့ အရွယ်အစားလောက် ကြီးမားတဲ့ အာကာသကြည့်မှန်ပြောင်းကိုလည်း စတင်အသုံးပြုတော့မှာဖြစ်ပါတယ်။ 

ရွှင်တီယမ် သို့မဟုတ် ကောင်းကင်ဘုံသို့စူးစမ်းခြင်းလို့ လူသိများတဲ့ ပတ်လမ်းကြည့်မှန်ပြောင်းဟာ လွန်ခဲ့တဲ့ ၃၃ နှစ်က လွှတ်တင်ခဲ့တဲ့ ဟာဘယ်အာကာသကြည့်မှန်ပြောင်းထက် အဆ (၃၅၀) ပိုမိုကျယ်ဝန်းတဲ့ မြင်ကွင်းကို တွေ့မြင်နိုင်မှာဖြစ်ကြောင်း ကြွားလုံးထုတ်ထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.