ပေကျင်း – ဇွန်(၁) 

တရုတ်နိုင်ငံကို Tesla CEO အီလွန်မက်စ် ရောက်ရှိလာပြီး ဒုတိယမြောက်နေ့မှာ တရုတ်အစိုးရ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ 

အီလွန်မက်စ်ဟာ အစောပိုင်း တစ်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံရဲ့ အကြီးစား ဘက်ထရီထုတ်လုပ်သူလည်းဖြစ် Tesla ရဲ့ အဓိက ကုန်ကြမ်း ထောက်ပံ့သူ CATL ဥက္ကဋ္ဌ နဲ့ ညစာစားခဲ့တယ်လို့ သိရပါတယ်။ 

Tesla နဲ့ CATL ကုမ္ပဏီတို့ တွေ့ဆုံမှု အပြင် တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အီလွန်မက်စ်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေကြားတာတော့ မရှိခဲ့ပါဘူး။ 

အီလွန်မက်စ် ရဲ့ ခရီးစဉ်ဟာ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ Tesla ရဲ့ အလားအလာနဲ့ ရှန်ဟိုင်းမှာရှိ တဲ့  Tesla စက်ရုံတည်ဆောက်ရေး အစီအစဉ်တွေနဲ့ သက်ဆိုင်မှုရှိနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ 

မေလ(၃၁) ရက်နေ့ မနက်ပိုင်းမှာလည်း Tesla ရဲ့ တရုတ်အခြေစိုက် ပြည်သူ့ရေးရာအကြီးအကဲ Grace Tao နဲ့ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေး အကြီးအကဲဖြစ်သူ Tom Zhu တို့ဟာ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို သွားခဲ့တယ်လို့ သိရပါတယ်။ 

အီလွန်မက်စ် အနေနဲ့ တခြားတရုတ်အစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ ပြောဆို တာတွေရှိနေသလို ရှန်ဟိုင်းအခြေစိုက် အမေရိကန် လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံကိုသွား ရောက်ခဲ့တာဖြစ်ပြီး ဘယ်သူတွေနဲ့ တွေ့ဆုံမှာနဲ့ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးမယ်ဆို တာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

Ref: Reuters/fh

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.