စေတ္တုတ္တရာ မေ(၃၁)
မကွေးတိုင်း၊ စေတုတ္တရာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီဘက်က (၅) ဦးထက်မနည်း သေဆုံးပြီးနောက် PDF တွေကို တောနင်းရှာဖွေနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၂၃) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား ပြီးနောက် အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိပြီး အထိနာခဲ့တဲ့အတွက် PDF တွေကိုရှာဖွေနေတာပါ။
“တိုက်ခိုက်မှုတွေကို မဟာမိတ်အဖွဲ့တွေညှိနှိုင်းဆွေးနွေးပြီးတော့မှ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဒေသလွတ်မြောက်ရေးအတွက် မဟာဗျူဟာမြောက် တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စေတုတ္တရာ ငဖဲလမ်းကို ပိတ်ဆို့ထားတယ်” လို့ People Revolution Alliance (PRA-Magway) စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ် အများစုရှိနိုင်မယ်လို့ ယူဆတဲ့ နေရာတွေကို အင်အားသုံးပြီး လိုက်လံရှာဖွေရှင်းလင်းတာတွေလုပ်နေတယ်လို့ သူက ပြောပါသေးတယ်။
မဏ္ဍပ်ကိုင်းကျေးရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်းကို PRA Magway နဲ့ Z-Fighter အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ငယ် (၁) လက်သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါ တယ်။
ဒါ့အပြင် မင်းဘူးခရိုင်တပ်ရင်း(၁) က ကျွန်းတော လမ်းထိပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို Rocket တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က (၂) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေလည်း ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PRA