FILE PHOTO: Japanese Prime Minister Fumio Kishida speaks during a news conference at the prime minister's official residence in Tokyo, Japan October 14, 2021. Eugene Hoshiko/Pool via REUTERS/File Photo

တိုကျို – ဇွန်(၁) 

ဂျပန်မှာ နှစ်စဉ်ကလေးသူငယ်စောင့်ရှောက်ရေးအသုံးစရိတ်အတွက် အစိုးရအဖွဲ့ကို ယန်း (၃.၅) ထရီလီယံ(ဒေါ်လာ -၂၆) ဘီလျံ ဖယ်ထားဖို့ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ညွှန်ကြားခဲ့ပြီး ဒီညွှန် ကြားချက်ဟာ ခန့်မှန်းထားတာထက် အနည်းငယ် ပိုများတယ်လို့ စီးပွားရေးဝန်ကြီး ကပြောပါ တယ်။ 

ဝန်ကြီးချုပ် ကီရှီဒါဟာ နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းလျော့နည်းလာမှုကို တွန်းလှန်ဖို့အတွက် လာမယ့် (၃) နှစ်အတွင်း ကလေးစောင့်ရှောက်ရေးအသုံးစရိတ်ကို နှစ်ဆတိုးပေးမယ်လို့ ကတိပြု ထားတာပါ။ 

အဲဒါကြောင့် ကလေးထိန်းစရိတ်နဲ့ တခြားဆက်စပ်ခံစားခွင့်တွေကို တိုးချဲ့ကာ ကာမိစေဖို့ အတွက် တစ်နှစ်ကို ယန်း(၃)ထရီလီလံခန့် လျာထားဖို့ လိုအပ်တယ်လို့ အစိုးရက ခန့်မှန်းထား တာဖြစ်ပါတယ်။ 

ကီရှီဒါဟာ ဘဏ္ဍာရေးဝန်ကြီး ရှုနီချီဆူဇူကီး အပါအဝင် ဝန်ကြီးများအစည်းအဝေးမှာ တိုးမြှင့် သုံးစွဲမှု ပမာဏကို တင်ပြခဲ့တာဖြစ်တယ်လို့ အလားတူတက်ရောက်ခဲ့တဲ့ စီးပွားရေးဝန်ကြီး ဂိုတို ကဆိုပါတယ်။ 

“ဝန်ကြီးချုပ်ကီရှီဒါက ယန်း ၃.၅ ထရီလီယံလောက်ရှိသည့် ကလေးစောင့်ရှောက်ရေး အစီအမံ တွေကို တိုးချဲ့ဖို့ စဉ်းစားရမယ်လို့ ကျွန်တော်တို့ကို ပြောခဲ့တယ်” လို့ ဂိုတိုက သတင်းထောက် တွေကို ပြောပါတယ်။  

အဲဒီအစီအစဉ်တွေဟာ အဆင့်မြင့်ပညာရေးကို ပံ့ပိုးဖို့၊ဆင်းရဲမွဲတေမှုအတွင်း ကလေးသူငယ် တွေကို အလွဲသုံးစားပြုတာကို တားဆီးဖို့နဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဆေးဘက် ဆိုင်ရာ စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားတယ်လို့ ဂိုတိုက အစည်းအဝေးမှာ ကီရှီဒါရဲ့ ပြောဆိုမှုကို ကိုးကားပြောဆိုခဲ့ပြီး ရန်ပုံငွေတွေရဲ့ ရင်းမြစ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တာမရှိဘူးလို့ သူက ပြောပါသေးတယ်။ 

နိုင်ငံစီးပွားရေး အရွယ်အစားရဲ့ နှစ်ဆကျော်လောက်ရှိတဲ့ ပြည်သူ့ကြွေးမြီးတွေနဲ့ ကမ္ဘာ့ အကြွေး အများဆုံးနိုင်ငံဖြစ်တဲ့ စက်မှုနိုင်ငံဟာ ကီရှီဒါရဲ့ ကလေးစောင့်ရှောက်ရေး အသုံးစရိတ်အစီအစဉ် ကို ပံ့ပိုးဖို့ ရန်ပုံငွေရင်းမြစ်တွေရရှိဖို့ ရုန်းကန်နေရတာဖြစ်တယ်လို့ သိရပါတယ်။ 

အစိုးရအနေနဲ့ ပြည်သူ့ကျန်းမာရေးအတွက် ပရီမီယံကြေးတွေကို တိုးမြှင့်ကာ ကလေးထိန်း အသုံးစရိတ် ပိုမိုထောက်ပံ့ဖို့အတွက် တခြား လူမှုဖူလုံရေးစရိတ်တွေကို လျှော့ချဖို့ ကြိုးပမ်း နေချိန် ကီရှီဒါဟာ အရောင်းခွန်တိုးတာကို ရွေးချယ်ခွင့်တစ်ခုအဖြစ် ငြင်းပယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် အစိုးရဟာ ပညာရေးအခကြေးငွေအတွက် ရန်ပုံငွေရှာဖို့ ငွေချေးစာချုပ် အမျိုးအစား သစ်ကို မိတ်ဆက်ဖို့လည်း စဉ်းစားနေတာရှိတယ်လို့ ကျိုဒိုသတင်းအေဂျင်စီက ဖော်ပြထားပါ တယ်။ 

ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုန်နှုန်းဟာ ၂၀၂၂ ခုနှစ်မှာ စံချိန်တင်နိမ့်ပါးသွားခဲ့တယ်လို့ တရားဝင် ခန့်မှန်းချက်တွေအရ ပထမဆုံးအကြိမ်အဖြစ် (၈) သိန်းအောက်ကို ကျဆင်းသွားတာ ဟာ အစိုးရမျှော်မှန်းထားတာထက် (၈) နှစ်စောခဲ့တာကြောင့် ထူးခြားတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.