မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “KNDF တပ်ရင်း ၁၁ကတပ်ရင်း မှူးအပါအဝင် တပ်စုမှူးများ တပ်ရင်းတစ်လုံးနီးပါး တပ်မတော်၏ ချေမှုန်းခြင်းခံလိုက်ရ“ ဆိုပြီး ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Kyaw Swar , ဟန်ငြိမ်းဦး၊ တပ်ကြပ်ကြီးဖိုးစည် စတဲ့ တယ်လီဂရမ်အကောင့်ကနေမေလ(၁၂ )ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့“KNDF တပ်ရင်း၁၁က တပ်ရင်းမှူးအပါအဝင် တပ်စုမှူးများ တပ်ရင်းတစ်လုံးနီးပါး တပ်မတော်၏ ချေမှုန်းခြင်းခံလိုက်ရသည်။ မကြာခဏ ကယားပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်ဟု ထထ အော်နေသော်လည်း မြေပြင်တွင် မသာပေါ်နေသူများပြား”ဆိုတဲ့ အရေးအသားတွေနဲ့အတူစစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့်ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်က ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် နယ်စပ်ရှိ တောင်စလုံးကျေးရွာတွင် မေလ (၈) ရက်နေ့၌ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲအတွင်း KNDF B/11 မှ တပ်ရင်းမှူး အန်းဂျလို(လို့)တစ်ဦးသာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့တယ်လို့ KNDF/B-11(Pekhon) က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း(၁၁) တပ်ရင်းမှူး အန်းဂျလိုဟာ ဆေးကုသမှုခံယူရင်း မေလ(၉)ရက်နေ့ နံနက်ပိုင်းမှာ ကျဆုံးခဲ့တာဖြစ်တာဖြစ်ပြီး ကျဆုံးသွားတဲ့ တပ်ရင်းမှူး အန်းဂျလိုရဲ့ ဈာပန အခမ်းအနားကို မေလ (၁၀)ရက်နေ့မှာ ပြုလုပ်ပေးခဲ့တယ်လို့လည်း ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာ ရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။

KNDF/B-11(Pekhon) သတင်းထုတ်ပြန်ချက်လင့်

https://bit.ly/3WhXMOa

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ သတင်းလင့်

https://bit.ly/3Wfr5Rz

Burma Associated Press သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/45g34xH

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “KNDFတပ်ရင်း၁၁က တပ်ရင်းမှူးအပါအဝင် တပ်စုမှူးများ တပ်ရင်းတစ်လုံးနီးပါးတပ်မတော်၏ ချေမှုန်းခြင်းခံလိုက်ရ” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.