May 19, 2023

မြန်မာနိုင်ငံကို လက်နက်စီးဝင်းမှု တားဆီးရေးလုပ်ဆောင်ထားပြီးဖြစ်တယ်လို့ စင်္ကာပူက ကုလ ကိုတုံ့ပြန်

စင်္ကာပူ – မေ(၂၀) မြန်မာစစ်ခေါင်းဆောင်ရဲ့ လက်နက်စက်ရုံတွေကို အရေးကြီးတဲ့ အထောက်အပံ့ တွေပံ့ပိုးပေးနေ တယ်လို့ ကုလအစီရင်ခံစာထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံထဲကို လက်နက်စီး ဆင်းမှုတွေ ကာကွယ်ဖို့ လုပ်ဆောင်နေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်မှာ နိုင်ငံအနေနဲ့ အပြစ်မဲ့ ပြည် သူတွေကို နှိမ်နင်းဖို့အတွက် လက်နက်အင်အားအသုံးပြုနေတဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင် တဲ့ ရပ်တည်ချက်ကို…

အာရှအလယ်ပိုင်း ဖွံ့ဖြိုးရေး တရုတ်ခေါင်းဆောင် အစီအစဉ်အသစ်ကြေညာ

ပေကျင်း – မေ(၂၀) တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ အခြေခံအဆောက်အအုံတည်ဆောက်တာကနေ ကုန်သွယ်မှု မြှင့်တင်တာတွေအထိ အာရှအလယ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ အစီအစဉ်ကို ထုတ်ဖော်ခဲ့ပြီး အစဉ်အလာအရ ရုရှားဩဇာလွှမ်းမိုးမှုရှိတဲ့ ဒေသတွင်း ခေါင်းဆောင်မှု အခန်း ကဏ္ဍအသစ်ကို ရယူခဲ့ပါတယ်။ အာရှအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ကာဇက်စတန်၊ကာဂျစ်စတန်၊တာဂျစ်ကစ္စတန်၊တာ့ခ်မင်နစ္စ တန်နဲ့ ဥဇဘတ်ကစ္စတန်တို့ကို ခေတ်မီအောင်မြှင့်တင်ဖို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ တွေညှိနှိုင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ…

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ အိန္ဒိယရေတပ်သင်္ဘောရောက်ရှိ

ရန်ကုန် – မေ(၁၉) မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ အိန္ဒိယရေတပ်သင်္ဘော(၃) စင်း ရန်ကုန်မြို့ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာ တွေမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၈) ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းတွေဖြစ်တဲ့ အရေးပေါ် အစားအစာ၊မိုးကာတဲတွေ၊ရွှေ့ပြောင်းရလွယ်တဲ့ မီးစက်တွေ၊ အဝတ်အထည်တွေ၊ ရေစုပ်စက်၊ဆေးဝါး၊တာပေါလင်စတွေ၊ တကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်း၊ ဘီတပ် ထိုင်ခုံ တွေနဲ့ Mask…

KNDF တပ်ရင်းကျတယ်လို့ စစ်ကောင်စီ လော်ဘီတွေ သတင်းအမှားဖြန့်နေ အမှန်/အမှား

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “KNDF တပ်ရင်း ၁၁ကတပ်ရင်း မှူးအပါအဝင် တပ်စုမှူးများ တပ်ရင်းတစ်လုံးနီးပါး တပ်မတော်၏ ချေမှုန်းခြင်းခံလိုက်ရ“ ဆိုပြီး ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

ပြည်သူတွေအခက်အခဲ ဘေးဒုက္ခကြုံနေရချိန် အကောင်းဆုံးကာကွယ်ပေးဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – မေ(၁၉) မုန်တိုင်းကြောင့် သေကြေထိခိုက်မှု၊ပျက်စီးဆုံးရှုံးမှုတွေနဲ့ မုန်တိုင်းနောက်ဆက်တွဲအကျိုးဆက်တွေ ကိုရင်ဆိုင်နေရတဲ့ မုန်တိုင်းသင့်ဒေသက ပြည်သူတစ်ရပ်လုံးအတွက်များစွာစိတ်မကောင်းဖြစ်ရသလို ပြည်သူတွေအခက်အခဲ ဘေးဒုက္ခကြုံတွေ့နေရချိန်မှာ အကောင်းဆုံးကာကွယ်ပေးဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၈) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ကအခုလိုပြောခဲ့တာပါ။ “အမျိုးသားညီညွတ်ရေးအစိုးရက တရားမျှတမှု အတွက် တိုက်ပွဲဝင်နေကြတဲ့…

“အခု လက်ရှိအခြေအနေကတော့ သူတို့မုန်းဘက်တွေလည်း ထိုးစစ်ဆင်လာတွေ တွေ့တယ်။ ဒီရွှေကျင်ဘက်တွေမှာလည်း ပစ်ခတ်မှုတွေ လုပ်လာတာတွေလည်း တွေ့ရတယ်။ ကျောက်ကြီးမြို့နယ်ထဲမှာတော့ လမ်းဘေးတစ်လျှောက်ပေါ့နော် ထိုးစစ်ဆင်လာတာတွေ တွေ့တယ်”

KNU ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင် စီတပ်က နေ့စဉ် ရက်ဆက်ဆိုသလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ ဖမ်းဆီးချုပ်နှောင်မှုတွေ၊ ရွာသားတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို အဓမ္မယူဆောင်မှုတွေကိုပြုလုပ်နေပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရ တဲ့ စစ်ဘေးရှောင်ဦးရေဟာလည်း (၂၀၀၀၀) ကျော်ရှိနေပါတယ်။ ဒါကြောင့်လတ်တလော စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့အရေးပေါ်အကူအညီပေးမှုအခြေအနေ၊ စစ် ဘေးရှောင် တွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲတွေနဲ့၊ နယ်မြေထဲမှာ စစ်ကောင်စီရဲ့…

ဆန်စပါးသိုလှောင်သူတွေ မှတ်ပုံမတင်ရင် အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

နေပြည်တော်၊ မေ(၁၉) ဆန်တန်ချိန် (၅၀) နဲ့ စပါးတင်း(၅၀၀၀) အထက် သိုလှောင်ထားသူတွေအနေနဲ့ မှတ်ပုံမတင်ရင် ဥပ ဒေနဲ့အညီအရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ သတ်မှတ်ထားတဲ့ ဆန်နဲ့စပါးတွေကို သိုလှောင်ရင် အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်လျှောက်ထားရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလ(၉) ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ဆန်၊စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရနဲ့ပုဂ္ဂလိကအဖွဲ့က ပြောဆိုလိုက်တာပါ။ ဆန်၊စပါးလုပ်ငန်းရှင်တစ်ဦးကတော့…

စစ်ကိုင်းက မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်း

ယင်းမာပင် – မေ(၁၉) စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ထဲက မုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ကျေးရွာ(၂) ရွာက ပြည်သူတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အခြေခံစားသောက်ကုန်တွေလှူဒါန်းခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ(၂) ရွာမှာရှိတဲ့ အိမ်ခြေ(၆၁၀) ကို လှူဒါန်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒုက္ခသည်တွေအတွက် စားသောက်ဖို့အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဒီလှူဒါန်းမှုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့ Western Chindwin Association(WCA) နဲ့ Beyond The Chindwin…