May 11, 2023

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြည်တော်ဝင်ရေးအစီအစဉ်က ရွေးကောက်ပွဲအပေါ် လှုပ်ခတ်မှုရှိနိုင်

ဘန်ကောက်၊ မေ(၁၂) လူသန်းပေါင်းများစွာရဲ့ ချစ်ခင်နှစ်သက်ခြင်းနဲ့ ကဲ့ရဲ့ရှုတ်ချခြင်းကို တပြိုင်နက်တည်းခံနေရတဲ့ ထိုင်းဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားချိန်ကတည်းက ထိုင်းနိုင်ငံရဲ့ ရုန်းကန်နေရဆဲ နိုင်ငံရေးကို ဆယ်စုနှစ်နှစ်ခုကျော်ကြာအောင် အကဲခတ်နေခဲ့ပါတယ်။ ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ပြည်တော်ဝင်အစီအစဉ်ကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ မဲသွားပေးမယ့် ပြည်သူတွေကို သက်ရောက်မှုရှိနိုင်စေမယ်လို့ လေ့လာသူတွေက ပြောဆို နေကြပါတယ်။ သက်ဆင်ရဲ့သမီးဖြစ်သူ…

အကြမ်းဖက် ဆန္ဒပြပွဲတွေကို တားဆီးဖို့ ပါကစ္စတန်အစိုးရက စစ်တပ်ကို အသုံးပြုတော့မယ်

ကရာချီ – မေ(၁၂) ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဖမ်းဆီးခံရပြီးနောက် ဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုတွေမှာ လူအသေအပျောက်ဖြစ်လာတဲ့အတွက် ပါကစ္စတန်အစိုးရက စစ်တပ်ကို အသုံးပြုသွားမှာ ဖြစ်ပြီး အစိုးရတပ်တွေကိုနောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ဆန္ဒပြသူတွေကို သတိပေးခဲ့ ပါတယ်။ ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ နိုဝင်ဘာလတည်းက နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ရဲ့ ထောက်ပံ့မှုနှောင့်နှေးတာတွေကြောင့် လူသန်းပေါင်း(၂၂၀) ရှိတဲ့ တောင်အာရှနိုင်ငံဟာ မတည်မငြိမ်ဖြစ်စေတဲ့…

သားပိုက်ကောင်တွေ အစုလိုက်အပြုံလိုက် မသေဆုံးခင် ပစ်ခတ်သုတ်သင်ဖို့ ဩစတြေးလျ အစိုးရ ဆို

ကန်ဘာရာ – မေ(၁၂) ဩစတြေးလျနိုင်ငံမှာ သားပိုက်ကောင်တွေကို ထုတ်ကုန်တွေအတွက် သုတ်သင်ရှင်းလင်းတာ တွေရှိနေပေမယ့် သူတို့ရဲ့ မျိုးပွားမှုနှုန်းကို သေချာမစစ်ဆေးရင် ဆိုးရွားတဲ့အခြေအနေနဲ့ သေဆုံး နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအတွက် သားပိုက်ကောင်တွေဟာ အထင်ရှားဆုံး သင်္ကေတ ဖြစ်ပေမယ့် နိုင်ငံအတွက်မှာတော့ အဲဒီတိရိစ္ဆာန်တွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာ ကို အဓိက ဖန်တီးနေတာလို့ ဆိုနေကြတာပါ။ သားပိုက်ကောင်တွေဟာ ကောင်းမွန်စိုစွတ်တဲ့…

ပဇီကြီးကျေးရွာ ဒေသခံတွေ တစ်လပြည့်တဲ့အချိန်ထိ နေရပ်မပြန်ရဲကြသေး

ကန့်ဘလူ – မေ(၁၁) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု (၁) လပြည့်သွားပေမယ့်ဒေသခံတွေဟာ နေရပ်မပြန်ရဲကြသေးဘဲ ရွာပျက်သဖွယ်ဖြစ်နေတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပြီးနောက် မလည်တိုက်နယ်ကို စစ်ကြောင်းတွေထိုးပြီး တပ်စွဲ ထားပေမယ့် ပြီးခဲ့တဲ့ ဧပြီလ(၃၀) ရက်နေ့တည်းက စစ်ကြောင်းတွေပြန်လည်ဆုတ်ခွာသွားတာပါ။ ဒါပေမယ့် မလည်တိုက်နယ်က ပဇီကြီး၊ချောင်းသာ စတဲ့…

PDF ၅ဦး လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်လိုက်တယ်လို့ စစ်ကောင်စီလိမ်လည် ဝါဒဖြန့်

မန္တလေး – မေ(၁၁) အာဏာသိမ်းစစ်ကောင်စီရဲ့ တော်လှန်ရေးအဖွဲ့တွေကနေ လက်နက်ယူပြီးပြန်လာမယ့် သူတွေကို ဆုငွေချီးမြှင့်မယ်လို့ ကြေညာပြီးနောက် PDF ၅ ဦးလက်နက်နဲ့ အလင်းဝင်လာတယ်လို့ လိမ်လည် ဝါဒဖြန့် ပြီး သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၀) ရက်နေ့ကပြန်လည်ဝင်ရောက်လာသူတွေကို မန္တလေးတိုင်း အောင်မြေသာစံ မြို့နယ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ သင်တန်းကျောင်း ခန်းမမှာ လက်ခံကြိုဆိုရေး အခမ်းအနားပြုလုပ်ခဲ့တယ်လို့…

ရန်ကုန်တိုင်းအတွင်း သဘာဝဘေးအန္တရာယ်အတွက် ရှာဖွေကယ်ဆယ်ရေးပြုလုပ်ဖို့ အသင့်ရှိနေပြီလို့ပြော

ရန်ကုန် ၊ မေ (၁၁) ရန်ကုန်တိုင်းအတွင်း သဘာဝဘေး အန္တရာယ်ကျရောက်လာရင် မြို့နယ်အလိုက် ရှာဖွေကယ်ဆယ်ရေးအတွက် အသင့်ရှိနေပြီဖြစ်တယ်လို့ တိုင်းမီးသတ်ဦးစီးဌာနနဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။ သဘာဝဘေးကျရောက်လာရင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရန်ကုန်တိုင်းထဲမှာရှိတဲ့ မြို့နယ်အဆင့်အလိုက် မီးသတ်ဌာနတွေနဲ့ ပရဟိတအဖွဲ့ အစည်းတွေပူးပေါင်းဆောင်ရွက်ကြဖို့ အကြောင်း ကြားထားတာကြောင့် အသင့်ဖြစ်နေပြီလို့ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့ တစ်ခုကပြောခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။ ” တိုင်းဒေသကြီးမီးသတ်ကလည်း…

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ ကျောက်ဖြူမြို့ကို တစ်နာရီ မိုင်(၉၀) လေတိုက်နှုန်းနဲ့ ဖြတ်ကျော် ဝင်ရောက်မယ်

ရန်ကုန်၊ မေ(၁၁) ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ယနေ့နံနက်ပိုင်းမှာ ပိုမိုအားကောင်းလာခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို မေ လ(၁၄)ရက်နေ့မွန်းလွဲပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမုန်တိုင်းရဲ့အဆင့်ကို နိုင်ငံတကာ မိုးလေဝသအေဂျင်စီတွေက အင်အားအပြင်းဆုံး အနီရောင်အဆင့် အဖြစ်သတ်မှတ်ထားပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မိုးဇလ ဌာနကတော့လက်ရှိအချိန်မှာ မုန်တိုင်းကို လိမ္မော် ရောင်အဆင့် သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားတာပါ။…

“ရှေ့ဆက်မှာ တိုက်ပွဲတွေက ပြင်းထန်လာမယ်လို့ တွက်ဆထားတယ်။ ဥက္ကဌအပြောင်းအလဲကြောင့် တိုက်ပွဲဖြစ်လာတယ်လို့ ကျွန်တော်တို့ တွက်လို့တော့ မရဘူး။ အခုလက်ရှိ စစ်ကောင်စီဘက်က အခြေအနေကို ခန့်မှန်းတာဖြစ်ပါတယ်။ အကျပ်အ တည်းပိုပြီး ဆိုက်လာတာနဲ့အမျှ တိုက်ပွဲတွေပိုပြီး သူ့ဘက်က နှိပ်ကွက်မှုမျိုး ပိုပြီးလုပ်ဆောင်လာမယ်လို့ ကျွန်တော်တို့ အဲဒီလို မျိုးတွက်တာပါ”

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အကြောင်းအရပ်ရပ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ၁၇ ကြိမ်မြောက် ကရင်အမျိုးသား အစည်းအရုံး KNU ကွန်ကရက်ညီလာခံကိုတော့ ပြီးခဲ့တဲ့ ဧပြီ(၂၄)ရက်နေ့ကနေ မေလ(၄)ရက် နေ့အထိ ၁၁ ရက်အကြာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ညီလာခံပြီးနောက် မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက်…