ကဘူးလ် – မေ(၃) 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရုတ်နဲ့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ တာလီဘန် နိုင်ငံခြားရေးဝန်ကြီးကို အာဖဂန်နစ္စတန်ကနေ ပါကစ္စတန်ကို သွားရောက်ခွင့် ပေးထားတယ်လို့ သိရပါတယ်။ 

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရပြီး ပိုင်ဆိုင်မှုတွေလည်း သိမ်းဆည်းခံထားရတာအပြင် လက်နက်ရောင်းချမှုလည်း ပိတ်ဆို့ခံထားရတာပါ။ 

(၁၅) ဦးပါ လုံခြုံရေးကောင်စီအဖွဲ့ရဲ့ တာလီဘန်ကို ပိတ်ဆို့အရေးယူရေး ကော်မတီထုတ်ပြန် ချက်အရ ပါကစ္စတန်ရေးရာ ကုလမစ်ရှင်ဟာ တာလီဘန် နိုင်ငံခြားရေးဝန်ကြီးကို ပါကစ္စတန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ အစည်းအဝေးအတွက် လာမယ့် မေလ(၆) ရက်နေ့ကနေ (၉) ရက်နေ့အထိ ခရီးသွားလာခွင့် တောင်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီထုတ်ပြန်ချက်မှာ ဝန်ကြီးတွေအနေနဲ့ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးမှာလဲဆို တာကိုတော့ ပြောထားတာမရှိဘဲ တာလီဘန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးသွားလာစရိတ်ကို လည်း ပါကစ္စတန်ဘက်က ကျခံမှာဖြစ်ပါတယ်။ 

တရုတ်နဲ့ ပါကစ္စတန် အာဏာပိုင်တွေက အတိတ်ကာလမှာလည်း သူတို့ဟာ တာလီဘန်ဦးဆောင် တဲ့ အာဖဂန်နစ္စတန်ကို ဒေါ်လာဘီလျံချီပါဝင်တဲ့ ခါးပတ်တကွင်းလမ်းတစ်စင်းရဲ့ အစိတ်အပိုင်း အဖြစ် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံကို ဖိတ်ခေါ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

အာဖဂန်နစ္စတန်ဟာ တောင်နဲ့ အရှေ့အာရှအတွက် အဓိက ကျတဲ့ ဘူမိဗေဒ ကုန်သွယ်ရေးနဲ့ ထပ်ဆင့်ကူးပြောင်းရေး လမ်းကြောင်းမှာ တည်ရှိပြီး မတူးဖော်ရသေးတဲ့ တွင်းထွက် ရင်းမြစ် တွေလည်း ရှိနေသလို နှစ်ပေါင်း(၂၀)​ကျော်ကြာ စစ်ပွဲအပြီး အမေရိကန်တပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာသွားချိန် ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ တာလီဘန်တွေက အာဏာသိမ်းလိုက်တာဖြစ်ပါ တယ်။ 

တာလီဘန်နိုင်ငံခြားရေးဝန်ကြီးကို အရေးပေါ်ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိစ္စတွေ ကို ဆွေးနွေးနိုင်ဖို့ အာဖဂန်နစ္စတန်ရဲ့ အိမ်နီးချင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးအတွက် လည်း ပြီးခဲ့တဲ့လက ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ 

ကုလပြောရေးဆိုခွင့်ရှိသူက တာလီဘန်နဲ့ ဘယ်လိုစေ့စပ်လုပ်ဆောင်မယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းတွေအတွင်း ဘုံသဘောတူတဲ့ နားလည်မှုရရှိဖို့ နိုင်ငံပေါင်းများစွာက အထူး ကိုယ် စားလှယ်တွေနဲ့ ဒိုဟာမှာ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ တာလီဘန်အစိုးရ ကိုယ်စားလှယ်တွေ ပါဝင်တာမရှိဘူးလို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.