လွိုင်ကော် – မေ(၁)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၉၉၅) ဦးသေဆုံးထားတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားပါတယ်။

အခုထုတ်ပြန်ထားတဲ့ စာရင်းတွေဟာ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဧပြီလ(၃၀) ရက်နေ့အထိ (၂) နှစ်ကျော် အတွင်းမှာ ကောက်ယူထားတဲ့ စာရင်းတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှု တွေကြောင့် ပြည်သူပိုင်နေအိမ် (၁၄၉၇)လုံး နဲ့ ဘာသာရေးအဆောက်အအုံ (၃၄) လုံး ပျက်စီး ဆုံးရှုံးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကယားပြည်နယ်မှာ စစ်ကောင်စီကြောင့် အရပ်သား (၃၁၈) ဦးအထိသေဆုံးထားကာ အဲဒီထဲ က (၁၃၄) ဦးက စစ်ဘေးရှောင်ရင်း သေဆုံးခဲ့တာဖြစ်ပြီး အရပ်သား (၂၇၉) ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့ နီးကပ်တဲ့ ဒေသဖြစ်တဲ့ ကယားပြည်နယ်ကို စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လိုလို လုပ်ဆောင် နေတာကြောင့် ဒေသခံ (၂) သိန်းခွဲကျော် စစ်ဘေးရှောင်နေရပြီး ဒီအခြေအနေဟာ ပြည်နယ် လူဦး ရေရဲ့ (၇၅) ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PKPF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.