ကယ်လီဖိုးနီးယား – ဧပြီ(၃၀)

အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း ကယ်လီဖိုးနီးယား အခြေစိုက် မြန်မာပြည်လွတ်မြောက် ရေး လှုပ်ရှားမှုကော်မတီ (မြောက်ပိုင်းကယ်လီဖိုးနီးယား) Free Burma Action Committee (Northern California) က အကြိမ်(၁၀၀) မြောက်စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲနဲ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၂၉) ရက်နေ့က ဆန်ဖရန်စ္စကို မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ နွယ်ဖွားတိုင်းရင်းသားတွေနဲ့အတူ ပြည်သူအဖွဲ့အစည်း အသီးသီးက တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ကြပါတယ်။

Free Burma Action Committee ( FBAC) အနေနဲ့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အပတ်စဉ် စနေနေ့တိုင်း ဆန္ဒပြပွဲတွေပြုလုပ်နေပါ။

ဆန္ဒပြပွဲတွေမှာတော့ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်အပြီးတိုင် အဆုံးသတ်ဖို့၊ လွတ်လပ် ခြင်းချစ်ကြည်ခြင်း ညီမျှခြင်းစတဲ့ ဒီမိုကရေစီ အခြေခံ သဘောတရားနဲ့ တိုင်းရင်းသားစည်း လုံးညီညွတ်ရေး အခြေခံ ဖက်ဒရယ်စနစ် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ ပြည်တွင်းမှာ အသက်သွေးချွေးတွေနဲ့ နွေဦးတော်လှန်ရေး ဆင်နွှဲနေသူတွေနဲ့ တသွေးတည်း တသားတည်း ရှိ ကြောင်း ပြသနိုင်ဖို့တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေး ဦးဆောင်က္ဍမှာ တာဝန်ယူနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းပြသဖို့နဲ့ ဖိနှိပ်ညှင်းဆဲ သတ်ဖြတ်ရက်စက်မှုတွေကြားက ဒီကနေအထိ သပိတ် တိုက်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်တွင်း သပိတ်တိုက်ပွဲ ဝင်သူတွေကို အပြည့်အဝ အားပေးထောက်ခံ ကြောင်း ပြသဖို့အတွက် အပတ်စဉ် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.