နယူးယောက် – ဧပြီ(၃၀)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ထောက်ပို့တော်လှန် သင်္ကြန် ရန်ပုံငွေ စျေးရောင်းပွဲကနေ တော်လှန်ရေးရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ (၃) သောင်းကျော်ရရှိခဲ့တယ် လို့ New York City Burmese Community (NYCBC) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၂၉) ရက်နေ့မှာ NYCBC ကအဲဒီပွဲကို ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး တော်လှန်သင်္ကြန် သံချပ်နဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြသလို မြန်မာပြည်အခြေစိုက် ပန်းချီပညာရှင် ရေးဆွဲထားတဲ့ ဒေါ် အောင်ဆန်းစုကြည်ပုံတူ ပန်းချီရေဆေးကားနဲ့ အဆိုတော် ကျောသီဟရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ခဲခြစ်ပုံတူ ပန်းချီတို့ကို ရန်ပုံငွေအဖြစ်လေလံတင်ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် သရုပ်ဆောင် ဒေါင်း ရေးဆွဲထားတဲ့ ပန်းချီလက်ရာပါတဲ့ ချည်ထည်အိတ် collection တွေကိုလည်း လေလံတင်ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။

ထောက်ပို့တော်လှန် သင်္ကြန်စျေးရောင်းပွဲကို ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NYCBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.