ချောင်းဆုံ၊ ဧပြီ ၂၂
မွန်ပြည်နယ်၊ ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) ကမာမိုရွာဘုရားပွဲမှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ မွန်ရိုးရာ လှည်းယဉ်ကျေးမှုအလှပြိုင်ပွဲကို ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပသွားခဲ့ကြပါတယ်။
ဘီလူးကျွန်း ၆၄ ရွာ ဘုရားပွဲ ဟု လူသိများတဲ့ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) အတွင်းရှိ ကျေးရွာ ဘုရားပွဲတွေကို နှစ်စဉ် သင်္ကြန်အကြိုနေ့က စတင်ပြီး ရွာစဉ်အလိုက် ကျင်းပနေတာပါ။
ဒီကနေ့မှာတော့ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာ ဘုရားပွဲဖြစ်ပြီး မွန်ရိုးရာ လှည်းယဉ်ပြိုင်ပွဲကိုပါ ထည့်သွင်း ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
မွန်ရိုးရာ လှည်းယဉ်ကျေးမှုအလှပြိုင်ပွဲဟာ မွန်လူမျိုးရဲ့ ရိုးရာဓလေ့ထုံးတမ်းတစ်ခုဖြစ်ပြီး ရှေးယခင်က ဘီလူးကျွန်းဘုရားပွဲကို လှည်းယာဉ်တွေနဲ့ သွားလာခဲ့ကြတဲ့ အစဉ်အလာရှိခဲ့ကြပါတယ်။
မွန်ရိုးရာနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲတွင် အမှတ်ပေးစည်းမျဉ်း ၅ မျိုးခွဲခြားထားပြီး တစ်မျိုးကို ၁၀ မှတ် နှုန်းပေးထားကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီဆီက သိရပါတယ်။
သတင်း/ ဓာတ်ပုံ – သံလွင်တိုင်းမ်