သထုံ၊ ဧပြီ(၁)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်တဲ့ခရိုင်နဲ့ တပ်မဟာတွေမှာ အရပ်သားပြည်သူလူထုအပေါ် ပစ် မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တိုက် ခိုက်မှုတွေကြောင့် အခုမတ်လထဲမှာ အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်လာတယ်လို့ KNU ဗဟိုနဲ့ KNU ခရိုင်သတင်းပြန်ကြားရေးဌာနတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မတ်လအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦး ဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ အရပ်သားတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးတာတွေ ဆက် လက်လုပ်ဆောင်နေခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် KNU သထုံခရိုင် တပ်မဟာ(၁)၊ တောင်ငူခရိုင် တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ ဖာပွန်ခရိုင် တပ်မဟာ(၅)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွေထဲမှာ ကလေး(၅)ဦးနဲ့ သီလရှင်တစ်ပါးအပါအဝင် အနည်းဆုံး အရပ်သား(၂၀)နီးပါး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေထဲက ဒဏ်ရာရရှိတဲ့ အရပ်သားပြည်သူတွေထဲမှာ ကိုရင်နဲ့ က လေးတွေအပါအဝင် အရပ်သားပြည်သူ(၄၀)နီးပါးရှိခဲ့ပြီး အရပ်သားပြည်သူဦးရေ အနည်းဆုံး (၃၀) နီးပါးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေထဲမှာ အခုမတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက် ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးဒဏ်ရာရရှိမှု အများဆုံးဖြစ်ခဲ့ပြီး ညောင်လေးပင်ခရိုင် တပ်မ ဟာ(၃) နယ်မြေထဲမှာတော့ အရပ်သားပြည်သူ အများအပြားဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရမှု အများဆုံးဖြစ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းနဲ့ လူနေအိမ် စပါးကျီ စုစုပေါင်းအနည်းဆုံး အလုံးပေါင်း(၈၀)နီးပါး မီးလောင်ထိခိုက်ပျက်စီးသွားခဲ့ပြီး ကားဆိုင်ကယ်တွေလည်း ပျက်စီးဆုံးရှုံးတာတွေလည်း ရှိနေခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့တဲ့အတွက် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူလူထုဦးရေလည်း ပိုမိုများပြားလာတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.