March 2023

ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ (၁၅) ဦးနဲ့အထက်ရှိခဲ့တယ်လို့ ထုတ်ပြန်

ကော့ကရိတ် – မတ်(၂၈) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ မတ်လ (၂၅) နဲ့ (၂၆) ရက်တွေက ဖြစ်ပွားခဲ့တဲ့ ကျုံဒိုးမြို့ပြ စစ်ဆင်ရေးတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ (၁၅) ဦးနဲ့အထက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့တယ်လို့ Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနဲ့…

မှော်ဘီမြို့အနီး (၁၂) မိုင်အကွာမှာ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ ငလျင်လှုပ်ခတ်

ရန်ကုန် – မတ်(၂၈) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်နဲ့ (၁၂) မိုင်အကွာနေရာကို ဗဟိုပြုပြီး ဒီနေ့ မတ်လ(၂၈) ရက်နေ့ နေ့လည်(၁) နာရီ(၂၂) မိနစ်၊(၂၄) စက္ကန့်အချိန်မှာ အင်အားအနည်းငယ်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မှော်ဘီမြို့ရဲ့ အနောက်မြောက်ဘက် (၁၂) မိုင်အကွာကို ဗဟိုပြုပြီး မြေအောက်အနက် (၁၅) ကီလိုမီတာမှာ အင်အားရစ်(ခ်)တာစကေး…

စစ်ကောင်စီ မယ်ကထာ့တပ်စခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

ဖာပွန်၊ မတ် (၂၈) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ထိုင်း -မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ မယ်ကထာ့တပ်စခန်းကို ဒီနေ့ မတ်လ(၂၈)ရက်နေ့ မနက်ပိုင်းမှာ KNLA တပ်မဟာ(၅)ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တပ်မဟာ(၅)ပြောခွင့်ရသူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အတည်ပြုပြောကြားပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးရှိ သက်တမ်းအရှည်ဆုံးစခန်းတစ်ခုဖြစ်တဲ့ စစ်ကောင်စီ မယ်ကထာတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်…

အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်နဲ့ ဆက်သွယ် မေးမြန်းချက်

“ကျွန်မတို့ ရောက်ထားပြီးသားနေရာက နောက်ဆုတ်လိုက်မယ်ဆိုရင် အမျိုးသမီးတွေကအသုံးမကျဘူး နောက် ပြန်လှည့်တယ်ဆိုတဲ့ အဲဒီရာဇဝင်မယူဘူး၊ ကျွန်မတို့ အမျိုးသမီးတွေက ရှေ့ပဲဆက်မယ်။ အနောက်ကို မဆုတ်ပါဘူးဆိုတဲ့ သဘောကို ပြည်သူကို ပြောပြချင်ပါတယ်” အရင်ဆုံးအနေနဲ့ အမျိုးသမီးပါတီ(မွန်)အနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ ကျွန်မတို့အမျိုးသမီးပါတီက နိုင်ငံရေးထက် ကျွန်မတို့ မွန်လူမျိုးတွေ ဒေသမှာရှိနေတဲ့နေရာတွေကို သွားဖို့ပါ။ ရည်ရွယ်ချက်က ကျွန်မတို့လူမျိုးဆီ…

KNU တောင်ငူခရိုင်က စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရ

တောင်ငူ၊ မတ်(၂၈) ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေမှာ မတ်လ(၂၇)ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်စခန်း၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ KNU တောင်ငူခရိုင် တပ်မဟာ(၂) တောင်ငူ-သံတောင်(၁၃)မိုင်ကားလမ်းပေါ်ရှိ ကရင်ချောင်းတံတားဂိတ် မှာရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက မတ်(၂၇)ရက်နေ့ မနက်(၇) နာရီခွဲ အချိန်လောက်မှာ လာရောက်တိုက်ခိုက်ခဲ့ပြီး…

ပုလောဒေသခံ ၂ ဦးကို စစ်ကောင်စီတပ် အကြောင်းမဲ့ပစ်သတ်

ပုလော၊ မတ်(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာနဲ့ နတ်အိမ်ထောင်ကျေးရွာထဲ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က အဲဒီကျေးရွာတွေအ တွင်း စစ်ကြောင်းထိုးလာ ဝင်ရောက်လာပြီးနောက်…

စစ်အာဏာသိမ်း (၇၈၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၆၆ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၂၈) AAPP ရဲ့ မတ်(၂၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၅)ရက်အတွင်း ပြည်သူ (၃၁၆၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၈၇၇ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မွန်ပြည်နယ်မှာ ပဲဈေးနှုန်း ပြန်လည်ကျဆင်း

မော်လမြိုင်၊ မတ်(၂၈) မွန်ပြည်နယ် ပဲဈေးကွက်မှာ ပဲရောင်းလိုအား မြင့်တက်နေမှုနဲ့အတူ ပြည်ပတင်ပို့ဖို့ အခက်အခဲတချို့ ရှိနေတာကြောင့် ပဲဈေးနှုန်း အနည်းငယ်ပြန်လည် ကျဆင်းလာတယ်လို့ ပဲလုပ်ငန်းရှင်တွေ သံလွင်တိုင်းမ်ကို ပြောပါ တယ်။ ပဲဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်း ပဲတီစိမ်း (ရွှေဝါ) (၂၀)ပိဿာ တစ်တင်းကို ကျပ် (၇၁၀၀၀) ဝန်းကျင်ရှိရာကနေ လက်ရှိမှာကျပ်(၆၆၀၀၀)၊ ပဲတီစိမ်းကလည်း ကျပ်(၄၉၀၀၀)မှ…

NUG ၊ PDF ပံ့ပိုးနေတဲ့ EAOတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ မတ်(၂၈) အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မတ် ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က တိုက်ခိုက်မှုတွေဟာ…