ပါရီ – ဧပြီ(၁) 

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေမှာ ရုရှားနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် ယူကရိန်း ကစားသမားတွေကို ပါဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူက ပြောပါတယ်။ 

ယူကရိန်း အိုလံပစ်ကော်မတီဥက္ကဋ္ဌတာဝန်ယူထားတဲ့ အားကစားဝန်ကြီး ဟော့စိန်ရဲ့ အဆိုပြု ချက်အတိုင်း အစိုးရက ရပ်တည်မှာဖြစ်ပြီး စီရင်ချက်ကို လျစ်လျူရှုတဲ့ အမျိုးသားအဖွဲ့ချုပ် တွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံရနိုင်တယ်လို့ အစိုးရအဖွဲ့အတွင်းရေးမှူး နင်ချီနော့ဗ်က ဆိုခဲ့ တာပါ။ 

နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) ကတော့ ရုရှားနဲ့ ဘီလာရုစ် အားကစားသမားတွေအတွက် ကြားနေအဖြစ် နိုင်ငံတကာပြိုင်ပွဲတွေကို ဖြည်းဖြည်းချင်း ပြန်သွားဖို့ အကြံပြုချက် ထုတ်ပြန် ထားပါတယ်။ 

ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ကျူးကျော်တိုက်ခိုက်မှုနောက်ဆက်တွဲအဖြစ် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ အဲဒီနိုင်ငံက အားကစားသမားတွေကို လက်ရွေးစင် အားကစားပြိုင်ပွဲ တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ 

“အစိုးရအစည်းအဝေးတွင် ရုရှားနိုင်ငံသားမပါဝင်တဲ့ အရည်အချင်းစစ်ပြိုင်ပွဲများတွင်သာ ကျွန်ုပ်တို့ပါဝင်ဖို့ ဝန်ကြီး၏ အဆိုပြုချက်အပေါ် လုပ်ထုံးလုပ်နည်းအတိုင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်” လို့ နင်ချီနော့ဗ် ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ယူကရိန်းနိုင်ငံပိုင် ရုပ်သံက ဖော်ပြ ထားပါတယ်။ 

IOC က ပါရီမှာ ရုရှားနဲ့ ဘီလာရုစ် အားကစားသမားတွေပါဝင်ဖို့ သီးခြားဆုံးဖြတ်ချက်တစ်ရပ်ကို နောက်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပြီး ယူကရိန်းက ယှဉ်ပြိုင်ခွင့်ရပါက ၂၀၂၄ အိုလံပစ်ကို သပိတ် မှောက်မယ်လို့လည်း ခြိမ်းခြောက်ထားကြပါတယ်။ 

ယူကရိန်း အားကစားဝန်ကြီးဌာနက IOC ရဲ့ နောက်ဆုံးလမ်းညွှန်ချက်တွေကို ရှုတ်ချထားသလို ရုရှားအိုလံပစ်ကော်မတီ အကြီးအကဲကလည်း IOC ရဲ့ စံနှုန်းတွေကို လက်ခံနိုင်ဖွယ်မရှိဘူးလို့ ဆိုထားပါတယ်။ 

IOC ဟာ စစ်အေးခေတ်ရဲ့ သပိတ်မှောက်မှုအခြေအနေအတိုင်း ပြန်လည်ရောက်ရှိမှာကို စိုးရိမ် နေတဲ့အတွက် ပါရီအိုလံပစ်မှာ ရုရှားနဲ့ ဘီလာရုစ် နိုင်ငံသားတွေကို ဖယ်ထုတ်ဖို့ အခက်တွေ့နေပြီး သူတို့ကို ကြားနေအားကစားသမားအဖြစ် အာရှခြေစစ်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဇန်နဝါရီလမှာ လမ်းကြောင်းချမှတ်ထားတယ်လို့ သိရပါတယ်။ 

တချို့သော အဖွဲ့ချုပ်တွေကတော့ ပြိုင်ပွဲမှာ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံသားတွေကို လက်ခံထားပေ မယ့် အားကစားသမားတွေနဲ့ ဥရောပအစိုးရ တချို့က IOC ရဲ့ အစီအစဉ်တွေကို သိသိသာသာ ဆန့်ကျင်တာတွေရှိနေပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.