ဝါရှင်တန်ဒီစီ – ဧပြီ(၁) 

စစ်တပ်အာဏာသိမ်းပြီး (၂) နှစ်ကျော်ကြာတဲ့အထိ ပဋိပက္ခတွေနဲ့ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဒီဘဏ္ဍာနှစ်မှာလည်း GDP ဟာ (၃) ရာခိုင်နှုန်းသာ တိုးတက်လာနိုင်မှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ 

နိုင်ငံရေး၊လူမှုရေးအရ အဖြစ်ဆိုးကြုံတွေ့နေရတဲ့ နိုင်ငံစီးပွားရေးဟာ ကျယ်ပြန့်လာတဲ့ ပဋိပက္ခ၊ ဆိုးရွားလာတဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မူဝါဒရေးရာကျရှုံးမှုတွေကြောင့် ပိုမိုဆုတ်ယုတ် လာနိုင်တယ်လို့ ဆိုခဲ့တာပါ။ 

“စီးပွားလုပ်ငန်းရပ်ဝန်းသည် လျှပ်စစ်ဓါတ်အားပြတ်လပ်မှုများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ အခက် အခဲများ၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကန့်သတ်ချက်များ၊ မတည်ငြိမ် နိုင်လွန်းသည့် စည်းမျဥ်းကန့်သတ်ချက်များကြောင့် ရုပ်အားဖြင့်ပင် တိုးတက်လာဖွယ်မရှိဘူး”လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

နိုင်ငံတကာကုမ္ပဏီတွေဟာလည်း နိုင်ငံရေး၊ ပိတ်ဆို့ကန့်သတ်မှု၊ သူတို့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှု စတဲ့ အခြေအနေတွေကြောင့် ပြန်လည်ထွက်ခွာနေကြတာဖြစ်ပါတယ်။ 

တခြားသော အရှေ့တောင်အာရှနိုင်ငံတွေဟာ ကိုဗစ်ကာလအလွန်မှာ ပြန်လည်မြင့်တက်လာပေ မယ့် မြန်မာ့စီးပွားရေးထုတ်လုပ်မှုကတော့ ၂၀၁၉ ခုနှစ်အတိုင်းသာဆက်ရှိနေမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။ 

၂၀၂၁ ခုနှစ်မှာ (၁၈) ရာခိုင်နှုန်းအထိ ကျုံ့သွားတဲ့ မြန်မာ GDP ဟာ ၂၀၂၂ ခုနှစ်မှာ (၃) ရာခိုင်နှုန်းလောက်သာ တိုးတက်ခဲ့တယ်လို့သိရပါတယ်။ 

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ပြည်သူတွေရဲ့ လျှပ်စစ်မီးသုံးစွဲမှာ ကျဆင်းတာ၊ အစားအစာနဲ့ လောင်စာစျေးနှုန်းမြင့်တက်မှုနဲ့ ကြုံတွေ့နေရသလို ကျပ်ငွေတန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ နဲ့ နှိုင်းယှဉ်ပါက (၃၁) ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။ 

လွတ်လပ်သော နိုင်ငံခြားငွေစျေးနှုန်းတွေကို ထိန်းချုပ်မှုပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံခြားငွေကြေး လဲလှယ်ရေးမှာ အရှုံးပေါ်စေတဲ့ မူဝါဒတွေကို ပြီးခဲ့တဲ့ နှစ်အတွင်း ပြောင်းလဲခဲ့တယ်လို့ သိရပါ တယ်။ 

၂၀၂၂ ခုနှစ်မှာ နိုင်ငံနိုင်ငံတော် ဗဟိုဘဏ်က ဝန်ကြီးဌာနတွေနဲ့ ဒေသန္တရအစိုးရတွေကို ပြည်တွင်းငွေလွှဲပြောင်းမှုမှာ နိုင်ငံခြားငွေအသုံးမပြုဖို့ ညွှန်ကြားထားပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်ကို မှတ်ချက်ပေးဖို့ တောင်းဆို ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလို့ မူရင်းသတင်းမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စီးပွားရေးကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတယ်လို့ ပြောဆိုတာတွေရှိသလို နိုင်ငံတွင်းဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖျက်ဆီးမှုသာ ဖြစ်တယ်လို့ အပြစ်လွှဲချထားပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.