တိုကျို၊ ဧပြီ(၁)

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ အက်စ်တဲလာ ဆေးဝါးကုမ္ပဏီရဲ့ အလုပ်သမားတစ်ဦးကို ထိန်းသိမ်းထားတဲ့ ကိစ္စအပါအဝင် ပြဿနာအတော်များများကို ဆွေးနွေးဖို့အတွက် ဘေဂျင်းကို စနေနေ့မှ စတင်ပြီး ၂ ရက်တာ သွားရောက်လည်ပတ်မယ်လို့ ပြောပါတယ်။

အပြုသဘောဆောင်ပြီး တည်ငြိမ်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်ဖို့ ရိုးသားပြီးပွင့်လင်းတဲ့ ဆွေးနွေးမှုတစ်ခု အတွက် တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

အဲဒီအလည်ပတ်ခရီးစဉ်ဟာ လျှပ်ကူးပစ္စည်းပါဝင်တဲ့ တင်ပို့ကုန် ၂၃ မျိုးကို ဂျပန်နိုင်ငံဘက်ကနေ ကန့်သတ် ကြောင်း ကြေငြာပြီးနောက်မှာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နဲ့ ဂျပန်ဆက်ဆံရေးဟာ အက်စ်တဲလာ ဆေးဝါးကုမ္ပဏီရဲ့ ဂျပန်နိုင်ငံသား အလုပ်သမား တစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးရင်းမှ နှစ်နိုင်ငံဆက်ဆံရေး လျော့နည်းမှုတွေဖြစ်လာခဲ့တာပါ။

ဂျပန်အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့လူကို ပြန်လွှတ်ပေးဖို့ တရုတ်အာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့  မီဒီယာတွေက ဖော်ပြထားပါတယ်။

ဖူကူရှီမာ ဒိုင်အီချီ နျူကလီယားဓါတ်ပေါင်းဖိုက ရေတွေလွှတ်ထုတ်မယ့်ကိစ္စ၊ ဂျပန်နိုင်ငံသား ကို ထိန်းသိမ်း ထားတဲ့ ကိစ္စ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးနိုင်မလားဆိုတဲ့ မီဒီယာတွေရဲ့ အမေးကို ဂျပန်နိုင်ငံခြား ရေးဝန်ကြီးက “ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံကို လည်ပတ်မယ့် ခရီးစဉ်အတောအတွင်းမှာ အဲဒါတွေ အပါအဝင် ကိစ္စအတော်များများကို ဆွေးနွေးသွားပါမယ်” လို့ ဖြေကြားခဲ့တာပါ။

ဂျပန်ဝန်ကြီးချုပ်ရဲ့ အခုခရီးစဉ်ဟာ နိုဝင်ဘာလအတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ဆွေးနွေးပွဲ နောက် ဆက်တွဲဖြစ်ပြီး အဲဒီတွေ့ဆုံမှုဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက တရုတ်ရဲ့ ရေကြောင်းစစ်ရေးမြင့်တက်မှုတွေကို စိုးရိမ်ပူ ပန်မှုရှိကြောင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်သွယ်နိုင်ဖို့  သံတမန်လမ်းကြောင်းတွေ ချမှတ်ဖို့ သဘော တူခဲ့ကြတာပါ။

တရုတ်အစိုးရကတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အလည်အပတ်ခရီးစဉ်ကို အရေးတကြီးဖြစ်တယ်လို့  ထင်မြင်သလို ကောင်းမွန်တဲ့ ဆက်ဆံရေးအတွက်လည်း အကျိုးရှိပြီး နှစ်နိုင်ငံအကြား တည်ငြိမ်တဲ့ ဆက်ဆံရေးဖြစ်ဖို့ ဘုံသဘောရှိကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.