March 28, 2023

အမေရိကန်နိုင်ငံသား ၁၀ ဦးမှာ ၆ ဦးဟာ ထရန့်ကို သမ္မတထပ်ဖြစ်ဖို့ မလိုလား

နယူးယောက်၊ မတ်(၂၉) နယူးယောက်မြို့တော်ရဲ့ စီရင်စု (၅) ခုအနက် တစ်ခုဖြစ်တဲ့ မန်ဟက်တန်မြို့မှာ စွဲချက်တင်ခံရဖွယ်ရှိနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အိမ်ဖြူတော်မှာ ပြန်လည်အရွေးခံရဖို့ အမေရိကန် နိုင်ငံသားအများစုက မလိုလားကြတော့ဘူးလို့ စစ်တမ်းအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။ မတ်(၂၇)ရက် တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ မာရစ် (Marist) စစ်တမ်းအရ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ထရန့်ကို နောက်ထပ် (၄)…

အမေရိကန်လေယာဉ်တင် သင်္ဘောရောက်ရှိချိန် နျူကလီးယား အချိန်မရွေးအသုံးပြုနိုင်တယ် လို့ မြောက်ကိုရီးယားခြိမ်းခြောက်

ပြုံယမ်း – မတ်(၂၈) အမေရိကန် လေယာဉ်တင်သင်္ဘောအဖွဲ့ တောင်ကိုရီးယားကို ရောက်ရှိချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင်က နျူကလီးယားလက်နက်ကို အချိန်မရွေးအသုံးပြုဖို့ အသင့်ရှိနေတယ်ဆိုတဲ့ ကြေညာချက်နဲ့အတူ မဟာမိတ်တွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ ကင်ဂျုံအွန်ဟာ နျူကလီးယားထုတ်လုပ်တဲ့ စက်ရုံကိုသွားရောက်လည်ပတ်စဉ် ဒီမှတ်ချက်ကို ပြောခဲ့တာဖြစ်တယ်လို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ ထာဝရလုံခြုံရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး တည်ငြိမ်ရေးတို့ကို ကာကွယ်ဖို့ ရည်ရွယ်တဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့…

မလေးရှားမှာ သေဒဏ်ဖျက်သိမ်းဖို့ ဥပဒေကြမ်းတင်သွင်း

ကွာလာလမ်ပူ – မတ်(၂၉) မလေးရှားအစိုးရက မဖြစ်မနေ သေဒဏ်ပေးရမယ့် ဥပဒေဖျက်သိမ်းဖို့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို မတ်လ(၂၇) ရက်နေ့က တင်သွင်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံး ဥပဒေနဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဌာန ဝန်ကြီး အယ်ဇယ်လီနာ အော့တ်မန်ဆက်က မဖြစ်မနေ သေဒဏ်ပေးမှု ဖျက်သိမ်းရေး ဥပဒေကြမ်း ၂၀၂၃ ကို ပထမ အကြိမ်ဖတ်ကြားတာအပြင် သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခြင်းဆိုင်ရာ…

ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ (၁၅) ဦးနဲ့အထက်ရှိခဲ့တယ်လို့ ထုတ်ပြန်

ကော့ကရိတ် – မတ်(၂၈) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ မတ်လ (၂၅) နဲ့ (၂၆) ရက်တွေက ဖြစ်ပွားခဲ့တဲ့ ကျုံဒိုးမြို့ပြ စစ်ဆင်ရေးတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ (၁၅) ဦးနဲ့အထက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့တယ်လို့ Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနဲ့…

မှော်ဘီမြို့အနီး (၁၂) မိုင်အကွာမှာ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ ငလျင်လှုပ်ခတ်

ရန်ကုန် – မတ်(၂၈) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်နဲ့ (၁၂) မိုင်အကွာနေရာကို ဗဟိုပြုပြီး ဒီနေ့ မတ်လ(၂၈) ရက်နေ့ နေ့လည်(၁) နာရီ(၂၂) မိနစ်၊(၂၄) စက္ကန့်အချိန်မှာ အင်အားအနည်းငယ်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မှော်ဘီမြို့ရဲ့ အနောက်မြောက်ဘက် (၁၂) မိုင်အကွာကို ဗဟိုပြုပြီး မြေအောက်အနက် (၁၅) ကီလိုမီတာမှာ အင်အားရစ်(ခ်)တာစကေး…

စစ်ကောင်စီ မယ်ကထာ့တပ်စခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

ဖာပွန်၊ မတ် (၂၈) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ထိုင်း -မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ မယ်ကထာ့တပ်စခန်းကို ဒီနေ့ မတ်လ(၂၈)ရက်နေ့ မနက်ပိုင်းမှာ KNLA တပ်မဟာ(၅)ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တပ်မဟာ(၅)ပြောခွင့်ရသူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အတည်ပြုပြောကြားပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးရှိ သက်တမ်းအရှည်ဆုံးစခန်းတစ်ခုဖြစ်တဲ့ စစ်ကောင်စီ မယ်ကထာတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်…

အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်နဲ့ ဆက်သွယ် မေးမြန်းချက်

“ကျွန်မတို့ ရောက်ထားပြီးသားနေရာက နောက်ဆုတ်လိုက်မယ်ဆိုရင် အမျိုးသမီးတွေကအသုံးမကျဘူး နောက် ပြန်လှည့်တယ်ဆိုတဲ့ အဲဒီရာဇဝင်မယူဘူး၊ ကျွန်မတို့ အမျိုးသမီးတွေက ရှေ့ပဲဆက်မယ်။ အနောက်ကို မဆုတ်ပါဘူးဆိုတဲ့ သဘောကို ပြည်သူကို ပြောပြချင်ပါတယ်” အရင်ဆုံးအနေနဲ့ အမျိုးသမီးပါတီ(မွန်)အနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ ကျွန်မတို့အမျိုးသမီးပါတီက နိုင်ငံရေးထက် ကျွန်မတို့ မွန်လူမျိုးတွေ ဒေသမှာရှိနေတဲ့နေရာတွေကို သွားဖို့ပါ။ ရည်ရွယ်ချက်က ကျွန်မတို့လူမျိုးဆီ…

KNU တောင်ငူခရိုင်က စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရ

တောင်ငူ၊ မတ်(၂၈) ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေမှာ မတ်လ(၂၇)ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်စခန်း၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ KNU တောင်ငူခရိုင် တပ်မဟာ(၂) တောင်ငူ-သံတောင်(၁၃)မိုင်ကားလမ်းပေါ်ရှိ ကရင်ချောင်းတံတားဂိတ် မှာရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက မတ်(၂၇)ရက်နေ့ မနက်(၇) နာရီခွဲ အချိန်လောက်မှာ လာရောက်တိုက်ခိုက်ခဲ့ပြီး…