ဘန်ကောက်၊ မတ်(၂၃)

Really Cool လို့အမည်ရတဲ့ ထိုင်းနိုင်ငံရဲ့ လေကြောင်းလိုင်းအသစ်ဟာ ပြေးဆွဲမယ့်ခရီးစဉ်တွေကို လာမယ့် ဇွန်လမှာ စတင်မိတ်ဆက်ကြေညာပေးမှာဖြစ်ပြီး အခုနှစ်ကုန်ပိုင်းမှာ လုပ်ငန်းလည်ပတ်မှုတွေ စတင်တော့ မယ်လို့ သိရပါတယ်။

အဲဒီလေကြောင်းလိုင်းဟာ နိုင်ငံတကာခရီးစဉ်တွေကို အဓိကဦးတည်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လေကြောင်း ကဏ္ဍပြန်လည်ရှင်သန်ရေးကို ကူညီသွားမှာဖြစ်သလို လေကြောင်းလိုင်းမှာ တိုးမြှင့်ဆောင်ရွက်ထားတဲ့ လုံခြုံရေးတစ်ရပ်ကို ရရှိခံစားသွားရစေမယ်လို့လည်း CEO မစ္စတာ ဖါတီ ဆာရာဆင်က ပြောကြားခဲ့တာပါ။

လေကြောင်းလိုင်းရဲ့ ကြွေးကြော်ချက်မှာ “We Fly the Future” ဖြစ်တယ်လို့ သိရပြီး ခရီးစဉ်တွေကို ဇိမ်ခံအ ဆင့်နဲ့  ဘတ်ဂျက်အဆင့်တို့အကြား အလယ်အလတ်အခြေအနေတစ်ရပ်မှာ ပျံသန်းပြေးဆွဲသွားမှာလည်း ဖြစ်ပါတယ်။

လေကြောင်းလိုင်း CEO က “ကျွန်တော်တို့အနေနဲ့ ခရီးသွားဧည့်သည်တွေကို သာမန်ထက်ပိုသာတဲ့ အတွေ့ အကြုံတစ်ရပ်ပေးချင်တာမို့ Really Cool လေကြောင်းလိုင်းကို မိတ်ဆက်သွားဖို့ အဆင့်သင့်လည်းဖြစ်သလို စိတ်လည်းလှုပ်ရှားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မစ္စတာ ဖါထီဟာ အရင်က ထိုင်းနိုင်ငံရဲ့ တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်တဲ့ Nok Air ရဲ့ အမှုဆောင်အရာရှိ ချုပ်ဖြစ်ပြီး လေကြောင်းလိုင်းအသစ်ဟာ မကြာသေးမီက စံချိန်စံနှုန်းတွေကို အထူး ကျော်ဖြတ်သွားနိုင် မှာ ဖြစ်တယ်လို့ ပြောကြားထားခဲ့တာပါ။

ဘန်ကောက်မြို့တော်ဝန် က ထိုင်းနိုင်ငံရဲ့ လေကြောင်းလိုင်းအသစ်နဲ့ ပတ်သက်တဲ့သတင်းကို ကြိုဆိုပြီး လေကြောင်းလိုင်းတွေဟာ Smart City အဖြစ် တိုးတက်လာရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်က အခုနှစ်မှာ ခရီးသွားဧည့်သည်ပေါင်း ၃၀ မီလီယမ်အထိ ဆွဲဆောင်နိုင်ဖို့ ဦးတည်ထားပြီး အဲဒါဟာ ကိုဗစ်နှစ် ၂၀၁၉ မတိုင်ခင် လာရောက်တဲ့ ဧည့်သည် ၃၉ မီလီယမ်ရဲ့  ၈၀ ရာခိုင်နှုန်း ခန့်သာရှိပါတယ်။

ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ကလည်း ထိုင်းနိုင်ငံဟာ အဲဒီဦးတည်ချက်ကို ပြည့်မီလိုပါက လေကြောင်းလိုင်းအ ရေအတွက်နဲ့ နိုင်ငံအတွင်း ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် အရေအတွက်တွေကို တိုးမြှင့်သွားဖို့ လို တယ်လို့ ပြောပါတယ်။

အချို့သော သတင်းထုတ်ပြန်မှုတွေအရ Really Cool လေကြောင်းလိုင်းဟာ ထိုင်းနိုင်ငံအတွင်း လုပ်ငန်းလည် ပတ်ဖို့အတွက် လိုင်စင်တွေကို လျှောက်ထားကြတဲ့ ကုမ္ပဏီ ၄ ခုအနက်မှ တစ်ခုဖြစ်တယ်လို့လည်း သိရပါ တယ်။
ထိုင်းနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကတော့  လေကြောင်းလိုင်း အသစ် ၄ ခု ကို နောက်နှစ်မှာ ပျံသန်းပြေးဆွဲဖို့ အတည်ပြုသွားမယ်လို့ မျှော်မှန်းထားပါတယ်။

Ref, The Nation/Asia News Network

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.