မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ “တက္ကသိုလ်ဝင်တန်းစာမေးပွဲကို PDFများက အယောင်ဆောင်ဝင်ဖြေ ဗုံးဖောက်ရန်စီစဉ်”ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ဟန်ငြိမ်းဦး၊ အသန်းစတဲ့ တယ်လီဂရမ်အကောင့်ကနေ မတ်လ (၁၇)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ ” စကစ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို PDFများက အယောင်ဆောင်ဝင်ဖြေ ဗုံးဖောက်ရန်စီစဉ်”ဆိုပြီး PDF တွေရဲ့ ဓာတ်ပုံတွေနဲ့အတူ စစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှား တစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ တပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံမှာNUG က ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာ မေးပွဲ PDF၊ ပကဖများဝင်ဖြေရန် ပြင်ဆင်နေတဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ရက်က NUG ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။

NUG ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စစ်ဒေသခွဲအမှတ် (၃) အတွင်းရှိ ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်၊ ရဲမေများ ပါဝင်ဖြေဆိုရန်အတွက် ပြင်ဆင် နေခြင်းဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။

NUGကာကွယ်ရေးဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာနစစ်ဒေသခွဲ အမှတ် ၃ရဲ့ သတင်းထုတ်ပြန်ချက် လင့်

https://bit.ly/3Try090

Mizzimaသတင်းဌာနမှာ ဖော်ပြထားတဲ့သတင်းလင့်

https://bit.ly/409KuE4

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “တက္ကသိုလ်ဝင် တန်းစာမေးပွဲကို PDFများက အယောင်ဆောင်ဝင်ဖြေ ဗုံးဖောက်ရန်စီစဉ်” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှား တစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.