ဘန်ကောက် – မတ်(၉) 

ထိုင်းတရားရုံးတော်က အဝါရောင်ဘဲရုပ်တွေနဲ့ သရောစာတွေပါဝင်တဲ့ ပြက္ခဒိန်တွေကို ရောင်းချ တဲ့ ထိုင်းအမျိုးသားတစ်ဦးကို ထောင်ဒဏ်(၂) နှစ်ချမှတ်ခဲ့ပြီး အဲဒီအဝါရောင်ဘဲအရုပ်တွေဟာ တော်ဝင်မိသားစုကို စော်ကားပုပ်ခတ်တာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။ 

ရာဘာဘဲအရုပ်ပုံစံမျိုးစုံကို အတွဲလိုက်ဖော်ပြထားတဲ့ ၂၀၂၁ ပြက္ခဒိန်နဲ့ ပတ်သက်ပြီး ထောင်ဒဏ် (၁၅) နှစ်အထိ ချမှတ်နိုင်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံး ဘုရင့် ဥပဒေအရ ထိုင်းနိုင်ငံရဲ့ ဘုရင်အသိုင်း အဝိုင်းအတွက်ထိုင်းတရားရုံးတော်က စီရင်ဆုံးဖြတ်ခဲ့တာပါ။ 

ထိုင်းလူ့အခွင့်အရေးရှေ့နေများအဖွဲ့ Thai Lawyers for Human Rights (TLHR) က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြက္ခဒိန်တွေကို ရောင်းချတဲ့အတွက် အသက် (၂၆) နှစ်အရွယ် နာရာထွန်ချော့မန်ကွန်ဆင်ဟာ ကနဦးမှာ ထောင်ဒဏ်(၃) နှစ်ချမှတ်ခံခဲ့ ရတယ်လို့ ဆိုပါတယ်။ 

“တရားခံဖက်မှ အကျိုးရှိမည့် သက်သေခံချက်များကို ထည့်သွင်းစဥ်းစာရေးအတွက် ပြောကြား ပြီးနောက်  လွတ်ငြိမ်းငြိမ်းချမ်းသာခွင့် အကျုံးမဝင်သော  ထောင်ဒဏ် ၂ နှစ်ကို ချမှတ်လိုက်ပါ တယ်” လို့ ဘုရင်ကိုအသေရေဖျက်မှုဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်တဲ့ ဥပဒေအဖွဲ့ TLHR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီအဝါရောင်အရုပ်တွေဟာ ၂၀၂၀ ခုနှစ် ဒီမိုကရေစီ တက်ကြွလှုပ်ရှားမှုတွေအတွင်း ထိုင်းရဲ တပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ရေအမြှောက်တွေ အသုံးပြု ဖြိုခွဲချိန်မှာ ဆန္ဒပြသူတွေဘက်က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အဲဒီအရုပ်ကြီးတွေကို အသုံးပြုခဲ့ပြီး ထိုင်းနိုင်ငံဟာ ဘုရင့်အသရေ ဖျက်မှု ဥပဒေတွေကို ဇာတ်လမ်းဆန်ဆန် အသုံးပြုတာ မြင့်တက်လာနေပြီး ၂၀၂၉ ခုနှစ်တည်း ကစတင်ကာ လူဦးရေ(၂၀၀) ကျော်ကို ဒီဥပဒေနဲ့ စွဲချက်တင်ထားတယ်လို့ TLHR က ဆိုပါတယ်။

“ဘုရင့်အုပ်ချုပ်ရေးကို စောကြောတဲ့လို့ သူတို့က ထင်မြင်ပြီးတော့ ဘယ်လိုလှုပ်ရှား မှုတိုင်းကို မဆို ထိုင်းအာဏာပိုင်တေါက အပြစ်ပေးဖို့ ကြိုးစားနေပြီးဆိုတာကို ပြလိုက်တာပါ”လို့ တရားရုံး ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HUman Rights Watch HRW) ကပြောပါတယ်။  

ဒါ့အပြင် ဒီဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံသားအားလုံးနဲ့ တစ်ကမ္ဘာလုံးကို ပေးပို့နေတဲ့ သတင်းစကား က ထိုင်းနိုင်ဟာ ဒီမိုကရေစီကို လေးစားလိုက်နာတဲ့ အခွင့်အရေးတွေ ဖြစ်လာဖို့ နီးကပ်လာတာ မရှိဘဲ ဝေးသွားနေတယ်လို့ HRW အာရှဒါရိုက်တာက ပြောခဲ့ပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.