မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “အလှူခံစားလို့ကောင်းအောင် ထန်တလန်ရဲစခန်းထဲ ဓာတ်ပုံဝင်ရိုက်ပီး လက်နက်ပုံတွေက အဟောင်းတွေ ဂျင်းထည့်ထားတာ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ဟန်ငြိမ်းဦး၊ Ko Thet တယ်လီဂရမ်အကောင့်တွေကနေ ဖေဖော်ဝါရီလ ( ၉)ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။
စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “အလှူခံစားလို့ ကောင်းအောင် ထန်တလန်ရဲစခန်းထဲ ဓာတ်ပုံဝင်ရိုက်ပီး လကိနက်ပုံတွေက အဟောင်းတွေ ဂျင်းထည့်ထားတာ” ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ ဖေဖော်ဝါရီ ၈၊ ည ၉နာရီဝန်းကျင်က ချင်းပြည်နယ်၊ ထန်တလန် မြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့က ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး သေနတ် ၄၀ ကျော် သိမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
စစ်သားနှင့်ရဲ ၄၀ နီးပါး အခြေချတပ်စွဲထားသည့် ရဲစခန်းကို ချင်းအမျိုးသား တပ်မတော် (CNA/ CNF) က ဖေဖော်ဝါရီ(၈ )ရက်နေ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
Chinland Newsသတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်
Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “အလှူခံစားလို့ကောင်းအောင် ထန်တလန်ရဲစခန်းထဲ ဓာတ်ပုံဝင်ရိုက်ပီး လကိနက်ပုံတွေက အဟောင်းတွေ ဂျင်းထည့်ထားတာ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်