February 16, 2023

မြန်မာပြည်သူတွေဘက်ကရပ်တည်ဖို့ အဆိုတော်ရီဟားနားကို JMF တောင်းဆို

မော်လမြိုင် – ဖေဖော်ဝါရီ(၁၆) အမေရိကန် နာမည်ကျော်အဆိုတော် ရီဟားနားအနေနဲ့ ကျောက်မျက်ရောင်းချမှု ပိတ်ပင်ခြင်းမှာ ပါဝင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်တယ်လို့ Justice For Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အမေရိကန်နိုင်ငံအရီဇိုးနားပြည်နယ်မှာ ပြုလုပ်တဲ့ Super Bowl အမေရိကန်ဘောလုံးပြိုင်ပွဲရဲ့ဖျော်ဖြေပွဲမှာဒေါ်လာ(၁) သန်းတန်မြန်မာ့ပတ္တမြားလက်စွပ် ဝတ်ဆင်ပြီး အဆိုတော်ရီဟားနားကဖျော်ဖြေခဲ့တာပါ။ အဲဒီပတ္တမြားဟာ အမေရိကန်နိုင်ငံ…

ထန်တလန်ရဲစခန်းကို PDF ဝင်သိမ်းမှု၊ အလှူခံကောင်းအောင် ဓာတ်ပုံဝင်ရိုက်တာလို့ စကစ ဘက်သားတွေဝါဒဖြန့် အမှန်/အမှား

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “အလှူခံစားလို့ကောင်းအောင် ထန်တလန်ရဲစခန်းထဲ ဓာတ်ပုံဝင်ရိုက်ပီး လက်နက်ပုံတွေက အဟောင်းတွေ ဂျင်းထည့်ထားတာ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…

“အကြမ်းဖက်စစ်အုပ်စုဟာ ဒီလိုပဲပုံအတုတွေ သုံးမယ်။ သူတို့လုပ်တဲ့ဟာကို သူများလုပ်တယ်လို့ စွပ်စွဲမယ်။ ဇာတ်လမ်း အတုအယောင်တွေဖန်တီးပြီးတော့ သူတို့ပဲဘာမှမလုပ်သယောင် သူတို့ကတော့ သူတော်ကောင်းကြီးတွေပေါ့”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ဆက်သွယ်မေးမြန်းချက်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ဆက်နွယ်တဲ့ PDF အဖွဲ့တွေက ပညာရေးကဏ္ဍမှာ တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ပြီး နိုင်ငံတကာဥပဒေစံနှုန်းတွေကို ချိုးဖောက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စွပ်စွဲထုတ်ပြန် ထားတယ်။ စစ်ကောင်စီစွပ်စွဲချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလကုန်အထိ NUG အဖွဲ့ရဲ့စေခိုင်းမှုအရ…

တောင်ကိုရီးယားနိုင်ငံသား‌တွေအတွက် ကာလတိုဗီဇာတွေပြန်လည်ထုတ်ပေးမယ်လို့ ဆိုးလ်တရုတ်သံရုံး ကြေညာ

ဆိုးလ်၊ ဖေဖော်ဝါရီ(၁၆) တရုတ်နိုင်ငံအနေနဲ့ တောင်ကိုရီးယားနိုင်ငံသား ခရီးသွားဧည့်သည်တွေအတွက် ကာလတို ဗီဇာထုတ်ပေးတဲ့ အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်သွားမယ်လို့ ဆိုးလ်မြို့ရှိ တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်မှုဟာ တောင်ကိုရီးယားဘက်က ပြီးခဲ့တဲ့ တစ်ပတ်အတွင်းဆောင်ရွက်ခဲ့တဲ့ တရုတ်နိုင်ငံသား တွေအပေါ် ကိုဗစ်(၁၉)ဆိုင်ရာခရီးသွားကန့်သတ်ချက်တွေ ဖြေလျှော့ပေးပြီးတဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာ ပါ။ လာမယ့်စနေနေ့ကစတင်ပြီး လုပ်ငန်းကိစ္စ၊ Transit…

လောင်စာဆီအသုံးပြုကားတွေကို ၂၀၃၅ မှာ ပိတ်ပင်ရမယ်လို့ အီယူပြော

လန်ဒန် – ဖေဖော်ဝါရီ(၁၆) ဥရောပမှာ လေထုညစ်ညမ်းမှုကို လျှော့ချဖို့ ကြီးမားတဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၃၅ ခုနှစ်မှာ ဓာတ်ဆီ ဒါမှမဟုတ် ဒီဇယ်လောင်စာဆီသုံး မော်တော်ကားတွေနဲ့ ဗင်ကား အသစ် ရောင်းချတာကို ပိတ်ပင်မယ့် အစီအစဉ်ကို ဥရောပပါလီမန်က အတည်ပြုခဲ့ပါတယ်။ နိုင်ငံပေါင်း(၂၇) နိုင်ငံပါဝင်တဲ့ နိုင်ငံများစွာကို ကိုယ်စားပြုတာကြောင့် အီးယူရဲ့ ဆုံးဖြတ်ချက် တွေဟာ ကျန်ကမ္ဘာ့နိုင်ငံတွေအပေါ်…

မြောက်ကိုရီးယား အငတ်ဘေး ပိုမိုဆိုးရွာလာနိုင်တယ်လို့ တောင်ပိုင်းအစိုးရသတိပေး

ပြုံယမ်း – ဖေဖော်ဝါရီ(၁၆) မြောက်ကိုရီးယားအာဏာပိုင်တွေက စစ်သားတွေအတွက် ရိက္ခာဖြတ်တောက်တာကို ရာစုနှစ် (၂) ခုကျော်အကြာမှာပထမဆုံး အကြိမ်ပြန်လည်ဆောင်ရွက်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး နောက် နိုင်ငံတွင်းကြုံတွေ့နေရတဲ့ အငတ်ဘေးပိုမိုဆိုးရွာလာနိုင်တယ်လို့ တောင်ကိုရီးယားအစိုးရ က ပြောပါတယ်။ နိုင်ငံပိုင်မီဒီယာရဲ့ အစီရင်ခံချက်မှာ ဖော်ပြထားတဲ့ မြောက်ကိုရီးယားအာဏာရပါတီက စိုက်ပျိုး ရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့အစည်းအဝေးကို ကိုးကားပြီး မြောက်ကိုရီးယားဟာ ပြင်းထန်တဲ့ အစာရေဆာ ပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ တောင်ကိုရီးယား…

နွေကျောင်းပိတ်ရက်မှာ ကျောင်းအခြေပြုသင်တန်းတွေ မဖြစ်မနေဖွင့်ဖို့ စစ်ကောင်စီညွှန်ကြား

ရန်ကုန်၊ ဖေဖော်ဝါရီ(၁၆) ၂၀၂၃ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွေအတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းအခြေပြု သင်တန်းတစ်ခု မဖြစ်မနေဖွင့်လှစ်ဖို့ စစ်ကောင်စီက ဖေဖော်ဝါရီဒုတိယအပတ်အတွင်း ညွှန်ကြားလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာဦးစီးဌာနကနေ စာသင်ကျောင်းတွေမှာ လာမယ့်နွေကျောင်း ပိတ်ရက် မတ်လအတွင်းမှာ သင်တန်းတစ်ခုခုကို မဖွင့်မနေရဖွင့်လှစ်ဖို့ ညွှန်ကြားလာတာပါ။ စစ်ကောင်စီရဲ့ ညွှန်ကြားချက်မှာ တိကျသေချာတဲ့ သင်ရိုးသတ်မှတ်ချက်မပါရှိဘဲ ဒေသအခြေအနေတွေအရ သင်တန်းတွေဖွင့်ရာမှာ ယဉ်ကျေးလိမ္မာသင်တန်း၊ ကြက်ခြေနီသင်တန်း၊…

စစ်အာဏာသိမ်း (၇၄၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၉၄ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၆) AAPP ရဲ့ ဖေဖော်ဝါရီ(၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၄၅)ရက်အတွင်း ပြည်သူ (၂၉၉၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၇၄၅ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…