ကီးယက်- ဖေဖော်ဝါရီ(၇)
ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီ ရီနီကော့ဗ်ရဲ့ နေရာမှာ စစ်ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲနဲ့ အစားထိုးဖို့ စီစဉ်ထားတယ်လို့ သမ္မတ ဇယ်လန်းစကီးနဲ့ နီးစပ်သူတစ်ဦးက ပြောပါ တယ်။
ရီနီကော့ဗ်ကို တခြားဝန်ကြီးရာထူးနေရာပြောင်းပြီး စစ်ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ နဲ့ အစားထိုးမှာဖြစ်တယ်လို့ ပြည်သူ့ပါလီမန်အဖွဲ့ရဲ့ အကြီးတန်းလွှတ်တော်အမတ်နဲ့ အမှုဆောင် အကြီးအကဲ ဒေးဗစ်အရာခမ်းမီးယားက ဆိုခဲ့တာပါ။
ဒီအပြောင်းအလဲဟာ ပြီးခဲ့တဲ့ လနှောင်းပိုင်းက အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ရာထူးက နုတ်ထွက်တာ၊အလုပ်ထုတ်ခံရတာနဲ့ အမြင့်မားဆုံးသော အစိုးရအဖွဲ့အတွင်း အပြောင်း အလဲဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ အုပ်ချုပ်မှုစံနှုန်းတွေနဲ့ ကိုက်ညီဖို့ သမ္မတ ဇယ်လန်းစကီးက ကတိပြုထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနလို ယူကရိန်းစစ်တပ်အေဂျင်စီတွေဟာ စစ်အတွင်း နိုင်ငံရေးသမားတွေ ကဦးဆောင်တာ မလုပ်ဘဲ ကာကွယ်ရေးဒါမှမဟုတ် လုံခြုံရေးနောက်ခံရှိသူတွေဖြစ်သင့်တယ်လို့ အကြီးတန်းလွှတ်တော်အမတ်တစ်ဦးကဆိုထားပြီး လက်ရှိကာကွယ်ရေးဝန်ကြီးကိုလည်း ဗျူဟာ မြောက် စက်မှုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်မှာဖြစ်တယ်လို့ သိရပါတယ်။
အပြောင်းအလဲအတွက် ဘယ်လိုဆုံးဖြတ်ချက်မဆို သမ္မတအပေါ်မှာသာ မူတည်တယ်လို့ ဆိုထားပြီး ဝန်ကြီးဌာနအသစ်ကို ပြောင်းရွှေ့တာနဲ့ ပတ်သက်လို့ ယူကရိန်းမီဒီယာတစ်ခုကို ပြောထားပါတယ်။
“တကယ်လို့ ယူကရိန်းသမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ်ဆီက ကမ်းလှမ်းမှုကို ရုတ်တရက် လက် ခံရရှိခဲ့ရင် ကျွန်တော့်မှာ ကျွမ်းကျင်မှုမရှိလို့ ငြင်းမှာပါ” လို့ ရီနီကော့ဗ်က ပြောခဲ့ပါတယ်။
ရီနီကော့ဗ်ဟာ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ(၂၄) ရက်နေ့က ရုရှားရဲ့ ကျူးကျော်စီမစတင်ခင် ကာကွယ်ရေး ဝန်ကြီးဖြစ်လာခဲ့ပြီး သူ့ရဲ့နေရာကို ဘယ်အချိန်မှာပြောင်းရွှေ့မယ်ဆိုတာတော့ တရားဝင် ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဒီလအတွင်း ရုရှားက ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့ ယူကရိန်းဘက်က စိုးရိမ်မှုတွေရှိနေ ပြီး ယူကရိန်းရဲ့ ကိုယ်ပိုင် တန်ပြန်ထိုးစစ်ကို စီစဉ်နေပေမယ့် ထောက်ပံ့ရေးတင့်ကားနဲ့ ခြေလျင် တိုက်ခိုက်ရေး ယာဉ်တွေတွေကို စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
Ref: Reuters