တိုကျိူ – ဖေဖော်ဝါရီ(၅)
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒါရိုက်တာကိုပေါက် ရဲ့ ဒုတိယရုပ်ရှင်ဖြစ်တဲ့ ရောင်နီလာရာလမ်း ရုပ်ရှင်ကို ပြသခဲ့ချိန်မှာ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀၀) နီးပါးရရှိခဲ့တယ်လို့ ရုပ်ရှင်ပြသရေးကော်မတီကနေ သိရပါတယ်။
ရောင်နီလာရာလမ်းရုပ်ရှင်ကို ဂျပန်၊ အမေရိကန်၊ ဆွီဒင်နဲ့ နယ်သာလန် နိုင်ငံတွေမှာ တပြိုင်တည်း ပြသနေတာပါ။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ Red Carpet show အဖြစ်စတင်ပြသချိန်မှာ ပရိသတ်(၁၀၀၀) ကျော် ကြည့်ရှုအားပေးခဲ့ပြီး ရန်ပုံငွေသိန်း(၁၀၀၀) နီးပါးရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရောင်နီလာရာလမ်း ရုပ်ရှင်ဟာ (၂) နာရီနီးပါးကြာမြင့်ပြီး ဒါရိုက်တာ ကိုပေါက်ရဲ့ အနုပညာသမား ဘဝ၊တော်လှန်ရေးသမားဘဝ နှစ်ခုအတွင်းပြောင်းလဲသွားတဲ့ အခြေအနေတွေကို ဖော်ပြထားတဲ့ မှတ်တမ်း ရုပ်ရှင်ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်