ဘန်ကောက် – ဖေဖော်ဝါရီ(၇) 

ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဟာ ထိုင်းနိုင်ငံရှိ ခရိုင်ဒေသန္တရ (၇၇) ခု၊ မဲဆန္ဒနယ် စုစုပေါင်းအရေအတွက် (၄၀၀) လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၃) ရက်နေ့က ထုတ်ပြန်ထားတဲ့ နောက်ဆုံးအချက်အလက်တွေမှာ မဲဆန္ဒ နယ်အားလုံးအနက် နိုင်ငံရေးပါတီတွေဟာ မဲဆန္ဒနယ်(၇၂) နေရာအတွက် ကိုယ်စားလှယ်လောင်း ဝင်ပြိုင်နိုင်မယ့် ခရိုင်ဒေသန္တရ (၇၇)လုံးမှာ ယှဉ်ပြိုင်နိုင်တာမရှိဘူးလို့ သိရပါတယ်။ 

တချို့သော ပါတီတွေကတော့ ခရိုင်ဒေသန္တရ (၇၁)ခုမှာသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပါတီ အများစုက ခရိုင်ဒေသန္တရ (၇၀) ထက်နည်းတဲ့ ပမာဏသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ 

ပြန်လည်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေမှာ နိုင်ငံရေးပါတီတွေဟာ မဲဆန္ဒနယ်(၄၀၀) လုံးမှာ ပါတီရုံးခွဲ ဒါမှမဟုတ် ကိုယ်စားလှယ်တွေ ထားရှိရမှာဖြစ်ပြီး ပါတီတွေအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ မဲဆန္ဒနယ်တွေအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ အဓိက မဲတွေကိုရရှိမှာဖြစ်ပါတယ်။ 

မဲဆန္ဒနယ်တွေမှာရှိတဲ့ ရုံးခွဲနဲ့ ကိုယ်စားလှယ်တွေအတွက် နောက်ဆုံးထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ခရိုင်ဒေသန္တရ(၇၂)ခုအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီတွေဟာ အနည်းငယ်သာရှိပြီး အဲဒီထဲမှာ ဘယ်ပါတီတွေပါတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။ 

ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပါတီရုံးခွဲထားရှိခွင့်နဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် အများအပြားပိုင်ဆိုင်ခွင့်ရတဲ့ ပါတီအနည်းအကျဉ်းစာရင်းမှာ ဒီမိုကရက်ပါတီ (ပါတီရုံးခွဲ-၂၅ရုံးနဲ့ ကိုယ်စားလှယ်လောင်း-၃၁၅)ဦး၊

အစောပိုင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် မှ ထုတ်ပြန်သော ပါတီရုံးခွဲထားရှိခွင့်နှင့် ကိုယ်စားလှယ်လောင်းအရေအတွက် အများအပြား ပိုင်ဆိုင်ခွင့်ရသည့် ပါတီအနည်းအကျဥ်း ဒီမိုကရက်ပါတီ (ပါတီ ရုံးခွဲ ၂၅ ရုံးနှင့် ကိုယ်စားလှယ်လောင်း ၃၁၅ ဦး) ဖီယူထိုင်းပါတီ (ပါတီရုံးခွဲ ၄ ရုံးနဲ့ကိုယ်စားလှယ်လောင်း ၃၁၁ ဦး)၊  ဖွမ်ကျေထိုင်းပါတီ (ပါတီရုံးခွဲ ၄ ခုနဲ့ ကိုယ်စားလှယ်လောင်း ၂၁၁ ဦး)၊ ဆီရီရူရမ် ခေါ် ချွတ်ခင်ပါတီထိုင်း (ပါတီရုံးခွဲ ၄ ခုနဲ့ ကိုယ်စားလှယ်လောင်း ၂၈၈ ဦး)၊Move Forward ပါတီ (ပါတီရုံးခွဲ ၈ ရုံးနဲ့ ကိုယ်စားလှယ်လောင်း ၂၁၄ ဦး)၊ ဖလန်ဖရတ်ချာရတ်ပါတီ (ပါတီရုံးခွဲ ၄ ရုံးနဲ့ ကိုယ်စားလှယ်လောင်း ၂၆၃ ဦး) တို့ဖြစ် တယ်လို့ သိရပါတယ်။ 

Ref: Nationthailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.