မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီကို NUG ဆက်သွယ်နေတယ်ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ မှိုင်းဝေ အကောင့်ကနေ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံကတော့ “NUG ကကောင်တွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စကစကို တိတ်တခိုးဆက်သွယ်လို့တဲ့ ပဒက်တွေ ပေါက်ကွဲနေပြီ။ အာဏာသာရမယ်ဆိုရင် ဖအေအရင်းတောင်ပြန်သတ်ကြတဲ့ NUGအဖွဲ့က မင်းတို့လောက်ကို ခေါင်းထည့်မှာမရှိဘူး”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီအကောင့်တုမှိုင်းဝေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေဟာ စစ်တပ်မှ မတရားအာဏာသိမ်းခြင်းကြောင့် ဖြစ်ပွားခဲ့သည့် နွေဦးတော်လှန်ရေး (၂)နှစ်တာကာလ နေ့မှာ ကျားဖြူတပ်ခွဲ (၂) 96 SOLDIERS – PDF မှ ရဲဘော်တွေက တော်လှန်ရေးသွေးမအေးရေးအတွက် အသံတိတ် သပိတ်မှာ ပါဝင်ကူညီကြဖို့ မိဘပြည်သူတွေထံ မေတ္တာရပ်ခံထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး မူရင်းဓာတ် ပုံတွေပေါ်က စာသားတွေကို Photoshopနဲ့ ပြန်လည်ပြုပြင်ကာ ဖြန့်ဝေထားခြင်းဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

စစ်တပ်လော်ဘီ မှိုင်းဝေ(telegram)အကောင့်မှ ပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ပြီး Photoshop နဲ့ ပြန်လည်ပြုပြင်ကာ ဝါဒဖြန့်သတင်းအမှားများ မဟုတ်မမှန်သတင်းများ ရေးသားပြီး တင်ထားသည်ကို တွေ့ရှိသဖြင့်ပြည်သူများ အမှန်ကိုသိရှိစေရန် ပြန်လည်တင်ပြအပ်ပါတယ်လို့ 96SOLDIERSPDF ကျားဖြူတပ်ခွဲ၂ တောင်းပိုင်းတိုင်းစစ်ဒေသသတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

96SOLDIERSPDF ကျားဖြူတပ်ခွဲ မေတ္တာရပ်ခံချက်

https://bit.ly/3jnc4OJ

96SOLDIERSPDF ကျားဖြူတပ်ခွဲ၂ သတင်းထုတ်ပြန်ချက်

https://bit.ly/3Yhg3Lq

Burma VJ သတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3RsWCgk

Tachileik News Agency သတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3HWEDMp

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “NUG ကကောင်တွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စကစကို တိတ်တခိုးဆက်သွယ်လို့တဲ့ ပဒက်တွေ ပေါက်ကွဲနေပြီ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.