February 4, 2023

စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ဂျာမနီတရားရုံးမှာ တရားစွဲ

မော်လမြိုင် – ဖေဖော်ဝါရီ(၄) နိုင်ငံတဝှမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် ဂျာမနီနိုင်ငံ တရားရုံးမှာ တရားစွဲခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီက ကယားပြည်နယ်မှာ ပြည်သူ(၄၀) ဝန်းကျင်ကို မီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်၊ စစ်ဘေး ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ရီးခီးဘူးဖြစ်စဉ်တွေအပါအဝင် နိုင်ငံတဝှမ်းမှာ…

ကြားကာလအခြေခံပညာကျောင်း(၁၅)ကျောင်း NUG ဖွင့်ခွင့်ပြု

မော်လမြိုင် – ဖေဖော်ဝါရီ(၄) စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ ပညာသင်ကြားနိုင်ဖို့အတွက် ကြားကာလ အခြေခံပညာ ပြည်သူ့ ပညာရေးကျောင်း (၁၅) ကျောင်းကို အသိအမှတ်ပြုလိုက်တယ်လို့ NUG ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ NUG ရဲ့ပြည်သူ့ပညာရေးအသိအမှတ်ပြုမူဝါဒတွေနဲ့အညီ လိုက်နာဆောင်ရွက်မယ်လို့ ကတိပြုခဲ့တဲ့ အတွက် အခြေခံပညာ(၁၅) ကျောင်းကို ဖွင့်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၃) ရက်နေ့ကလည်း ကြားကာလပညာရေးကျောင်း (၃၃) ကျောင်းဖွင့်ခွင့်ပေးခဲ့…

စစ်ကောင်စီကို NUG တိတ်တခိုး ဆက်သွယ်တယ်လို့ စစ်လော်ဘီတွေ သတင်းမှားဖြန့် (အမှန် / အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီကို NUG ဆက်သွယ်နေတယ်ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ကို…

ဟောင်ကောင်၊ မကာအိုနဲ့ တရုတ်ပြည်မကြီးကြား နယ်စပ်ဖြတ်ကျော်ကူးသန်းမှု ခွင့်ပြုမယ်

ဟောင်ကောင်၊ ဖေဖော်ဝါရီ(၄) ဟောင်ကောင်နဲ့ မကာအိုနဲ့ တရုတ်ပြည်မကြီးတို့အကြား နယ်စပ်ဖြတ်ကျော်ခရီးသွားမှုကို ဖေဖော်ဝါရီ ၆ ရက်နေ့မှစတင်ပြီး အပြည့်အဝ ပြန်လည်ဖွင့်လှစ်သွားမယ်လို့သိရပြီး ခရီးသည်အရေအတွက် ကန့်သတ်ချက် နဲ့ ကိုဗစ်စစ်ဆေးမှုကန့်သတ်ချက်တွေကိုလည်း ပယ်ဖျက်ပေးလိုက်ပါတယ်။ တရုတ်ပြည်မကြီးနဲ့ အထူးအုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ဟောင်ကောင်နဲ့ မကာအိုကြား အုပ်စုဖွဲ့ခရီးသွားလုပ် ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အကောက်ခွန်စစ်ဆေးရေး ဂိတ်တွေကလည်း ကိုဗစ်မ တိုင်ခင်အချိန်ကာလအတိုင်းအတာထိ ကျဆင်းသွားပြီလို့ ဆိုပါတယ်။ခွင့်ပြုချက်နဲ့…

အမေရိကန် လေပိုင်နက်ထဲ ပျံသန်းနေတဲ့ တရုတ်သူလျှိုလို့ သံသယရှိတဲ့ မီးပုံပျံကို ခြေရာခံ တွေ့ရှိ

ဝါရှင်တန် – ဖေဖော်ဝါရီ(၄) အရေးကြီးတဲ့ နေရာတွေပေါ်မှာ သတင်းအချက်အလက်စုဆောင်းဖို့ ပျံသန်းနေတယ်လို့ ယူဆရ တဲ့ တရုတ်ထောက်လှမ်းရေး မီးပုံပျံတစ်စင်းကို အမေရိကန်လေပိုင်နက်ပေါ်မှာ ခြေရာခံမိထား တယ်လို့ ပင်တဂွတ်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီမီးပုံးပျံကို ခြေရာခံနေတဲ့ ပင်တဂွန်စစ်ဌာနချုပ်ဟာ မြေပြင်ပေါ်က ပြည်သူတွေ ထိခိုက် ဒဏ်ရာရရှိမှု အန္တရာယ်ကြောင့် ပစ်မချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက AP သတင်းဌာနကို ပြောခဲ့ပါတယ်။…

ဗီယက်နမ်မှာ အလုပ်သမားရပိုင်ခွင့်တွေ တိုးမြှင့်ပေးဖို့ အမေရိကန်တောင်းဆို

ဟိုချီမင် – ဖေဖော်ဝါရီ(၄) ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုလွတ်ကင်းပြီး ပင်မဥပဒေတစ်ရပ်နဲ့ ခွင့်ပြုပေးထားတဲ့ ကုန်သွယ်ရေးသမဂ္ဂတွေအနေနဲ့ အလုပ်သမားရပိုင်ခွင့်တွေကို တိုးမြှင့်ပေးဖို့ ဗီယက်နမ်အစိုးရကို အမေရိကန်က တောင်းဆိုလိုက်ပါတယ်။ ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်မှာပါဝင်ခဲ့တဲ့ ဗီယက်နမ် အစိုးရဟာ အလုပ်သမားသမဂ္ဂတွေရဲ့ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တာတွေကို အဆုံးသတ်ဖို့ သဘောတူထားပါတယ်။ အမေရိကန်က ဗီယက်နမ်ဆီက ကတိကဝတ်တွေရထားပေမယ့် ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေး ဆိုင်ရာသဘောတူညီချက်တွေ မစတင်ခင်မှာဘဲ ဗီယက်နမ်နိုင်ငံက ပြန်လည်နှုတ်ထွက်သွားခဲ့…

“လိမ်နိုင်ရင် သမာဓိ၊ ဝါနိုင်ရင်ပညာရှိဆိုတဲ့ သူတွေလည်း ဖြစ်နေတာကိုး။ မင်းအောင်လှိုင်ခန့်ထားတဲ့ ဖွဲ့စည်းပုံ ခုံရုံးကနေပြီးတော့ သက်တမ်းတိုးနိုင်တယ်လို့ ပြောလိုက်တာဟာ သူခိုးဓားရိုးကမ်းပဲ ဘာမှမထူးခြားဘူး”

ဝါရင့်တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ အဆင့်သင့်မဖြစ်သေးကြောင်းနဲ့ နိုင်ငံဟာ သာမန် အခြေအနေ မဟုတ်ကြောင်း တင်ပြလာတဲ့အတွက် သက်တမ်းထပ်တိုးပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့…

တစ်နှစ်မဟာဗျူဟာ အစီအစဉ်အရ တစ်သံတည်းညီ တစ်ချီတည်းရုန်းကြဖို့ ဝန်ကြီးနိုင်သုဝဏ္ဏ တိုက်တွန်း

မော်လမြိုင် – ဖေဖော်ဝါရီ(၄) ၂၀၂၃ ခုနှစ်မှာ တစ်နှစ်မဟာဗျူဟာ အစီအစဉ်အရ ဆောင်ရွက်နေကြပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကြရမှာဖြစ်တယ်လို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏ က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၃) ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ…