ယင်းမာပင် – ဖေဖော်ဝါရီ(၁)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ (၂) နှစ်ပြည့် အသံတိတ် သပိတ်ကြောင့် လမ်းမကြီးတွေတိတ်ဆိတ်နေတဲ့အတွက် စစ်ကောင်စီက လော်စပီကာတွေ သုံးပြီး ပြည်သူတွေကို နေအိမ်အပြင်ထွက်လာဖို့ လိုက်အော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းထဲက စစ်ကိုင်းတိုင်းမှာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေ လုပ်ပြီး ဒီနေ့မှာ ပြန်ရွေးဖို့ စစ်ကောင်စီက လုပ်ဆောင်ခဲ့ပေမယ့် ဘယ်သူမှ သွားပြန်ရွေးတာ တွေမရှိဘူးလို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့မှာ လည့်လှည်တာတွေ လုပ် နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသံတိတ်သပိတ် (၃) ကြိမ်ပြုလုပ်ထားပြီး စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေ ရှိပေမယ့် သုံးကြိမ်လုံးအောင်မြင်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ