January 2023

အာရှနဲ့ နက်ရှိုင်းသော ဆက်ဆံရေးတည်ဆောက်ဖို့ နေတိုးအတွင်းရေးမှူး တောင်ကိုရီးယား ရောက်လာ

ဆိုးလ် – ဇန်နဝါရီ(၃၁) နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဂျန်စ် စတိုလန်ဘာတ်ချ်ဟာ ဇန်နဝါရီလ(၂၉) ရက်နေ့က တောင်ကိုရီးယားကို ရောက်ရှိလာပြီးနောက် ဂျပန်နိုင်ငံကိုလည်း ဆက်လက်သွား ရောက်မှာဖြစ်ကာ ယူကရိန်းစစ်ပွဲ၊တရုတ်နဲ့အားပြိုင်မှုတွေတိုးလာချိန်မှာ မဟာမိတ်တွေနဲ့ ဆက်ဆံရေးအားကောင်းစေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေဟာ အာရှအတွက် နောက်ဆက်တွဲအကျိုးဆက်တွေ ရှိနေ ချိန်မှာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းစမ်းသပ်ပစ်လွှတ်မှုတွေနဲ့ နျူကလီးယား…

ကံပေါက်မှာ ဆိုင်ကယ်စီးလာတဲ့သားအဖကို ပျူစောထီးတွေ သေနတ်နဲ့ပစ်ခတ်၊ သားဖြစ်သူ ဒဏ်ရာရ

ရေဖြူ – ဇန်နဝါရီ(၃၀) တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ မင်းသားကျေးရွာမှာ ဆိုင်ကယ်စီးလာတဲ့ သားအဖကို ပျူစောထီးတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သားဖြစ်သူထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၉) ရက်မနက်ပိုင်းက မိုင်(၆၀) ကျေးရွာကနေ ဦးမင်းလတ်နဲ့ သူ့ရဲ့သားဖြစ်သူ တို့ဟာ မင်းသားကျေးရွာဘက်ကို ဆိုင်ကယ်နဲ့လာနေချိန်မှာ ပစ်ခတ်ခံခဲ့ရတာ ပါ။…

ရိုဟင်ဂျာတွေရဲ့ လယ်မြေတွေကို ကိုယ်တိုင်သိမ်းတဲ့ စစ်တပ်က AA သိမ်းတာပါလို့ ဝါဒဖြန့်(အမှန် /အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ရိုဟင်ဂျာတွေရဲ့ လယ်တွေယာတွေကို AAက အကွက်ရိုက် ရတဲ့ဈေးနဲ့ရောင်းနေ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း ကျွန်မတို့ပါဝင်သွားမှာ မဟုတ်ဘူး။ ကန့်ကွက်သွားမှာ၊ တိုက်ဖျက်သွားမှာ ဖြစ်တယ်။ ဆိုတော့ စစ်ကောင်စီခေါ်ယူတဲ့ တခြားကိစ္စတွေကိုလည်း ကျွန်မတို့ ပါဝင်သွားမှာ မဟုတ်ဘူး”

(မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြောခွင့်ရ မိသုတဇဝ်နဲ့ ဆက်သွယ်မေးမြန်းချက်။) စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မ တီ (MSICC) ကို အာဏာသိမ်းကာလ ၂နှစ်နီးပါးပြည့်ခါနီး ဇန်နဝါရီ ၂၂ ရက်နေ့မှာ မွန်ပြည်ဖက် ဒရယ်ကောင်စီ (MSFC) အဖြစ်အသွင်ကူးပြောင်း ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် MSICC ကို မွန်ပြည်ဖက် ဒရယ်ကောင်စီ (MSFC)…

သေဒဏ်ကျခံခဲ့ရသူ တော်လှန်ရေးသမား ကိုသိန်း

”မှန်တယ် ဦးဆရာ ဒါဟာ ကျွန်တော်တို့ရဲ့ စည်းလုံးမှု အင်အားကို ဖြိုခွင်းပစ်တဲ့ နည်းတစ်ခုဘဲ။ ကိုသိန်းတို့က ကျွန် တော်တို့ကို အစစအရာရာ ကူညီပေးသလို စိတ်ဓာတ်ခွန်အားလေး ပေးတယ် မဟုတ်လား။ ဒါကို သူတို့ မလိုလားလို့ ခုလို လုပ်တာ ဖြစ်တယ်လို့ ကျွန်တော် ထင်တယ်။ ဌေးဝင်း စိုးသီဟ၏ ပျော်ရွှင် စိတ်ချမ်းသာမှုကား သိပ် ကြာကြာ…

လွိုင်ကော်ဒေသခံတွေ ဗုံးခိုကျင်းတူးထားကြဖို့ KNDF သတိပေး

လွိုင်ကော်၊ ဇန်နဝါရီ(၂၉) ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က (၃) ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတူးထားကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတိပေးထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၂) ရက်ကစပြီး စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ ထောက်လှမ်းတာ၊ စစ်ရှောင်စခန်းတွေဆီကို ဂျက်လေယာဉ်တွေနဲ့ အနီးကပ်ပျံသန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။ စစ်ကောင်စီရဲ့…

စားဝတ်နေရေးအခက်အခဲကြောင့် မသန်စွမ်းသူတွေ သေဆုံးတာတွေအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ (၂၉) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း စီးပွားရေးအကျပ်အတည်းတွေနဲ့အတူ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဆေးမကုသနိုင်တော့တဲ့အတွက် မသန်စွမ်းသူတွေ အသက်သေ ဆုံးတာတွေအထိ ရှိလာတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မသန်စွမ်းသူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့ ပြဿနာတွေအပြင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာ၊ အထွေ ထွေကုန်ကျ…

စစ်ကောင်စီဝန်ထမ်းတွေ တစ်ပတ်အတွင်းနုတ်ထွက်ဖို့ လောင်းလုံး PDF နောက်ဆုံးအကြိမ်သတိပေး

လောင်းလုံး၊ ဇန်နဝါရီ(၂၉) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေအနေနဲ့ တစ်ပတ်အတွင်း အမြန်ဆုံးနုတ်ထွက်ကြဖို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က ဇန်နဝါရီ ၂၇ ရက်နေ့မှာ နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ လောင်းလုံး PDF က Non CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီ သက်ဆိုးရှည်ဖို့အတွက် အဓိထောက်တိုင်အဖြစ် ကူညီနေသူတွေဖြစ်ကြောင်းနဲ့ အများပြည်သူတွေလည်း ဒုက္ခမျိုးစုံရင်ဆိုင်နေရတယ်လို့…