မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှားအစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” NUG သည် စစ်တပ်မှပြုလုပ်မည့် ရွေး ကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် NUGအဖွဲ့ လျှို့ဝှက်ညှိုနှိုင်းမှု ပြုလုပ်နေ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ မှိုင်းဝေတယ်လီဂရမ်အကောင့်ကနေ ဇန်နဝါရီလ (၁၉)ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာ အပြည့်အစုံမှာတော့ “NUGကတော့ ဘာတွေအပေးအယူလုပ်နေလဲတော့မသိ။ NUG သည် စစ်တပ်မှ ပြုလုပ်မည့် ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် NUG အဖွဲ့ လျှို့ဝှက်ကမ်းလှမ်းနေ”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ကြေညာခြင်း၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်က ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းမပြုရန်နဲ့ ပြည်သူများအနေဖြင့် ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စု၏ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်၍ မပူးပေါင်းကြရန်၊ တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက် ဖက်စစ်စစ်အုပ်စု၏ အုပ်ချုပ် ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင် ၂၀၂၃ ရွေးကောက်ပွဲဝင်သူတွေဟာ နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်သူတွေ ဖြစ်သွားမယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောထားတာကိုလည်း VOAသတင်းဌာနမှာ ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းထုတ်ပြန်ချက်-

https://bit.ly/3HDZ9B4

RFAသတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://fb.watch/igmGdjtE_A/

VOAသတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://fb.watch/igzJ34zDFW/

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “NUG သည် စစ်တပ်မှ ပြုလုပ်မည့် ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် NUGအဖွဲ့ လျှို့ဝှက်ညှိုနှိုင်းမှု ပြုလုပ်နေ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.